Friday, June 15, 2018

Thilawa SEZ to extend

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် မြေဧရိယာ ဟက်တာ ၁၀၀ ခန့် ထပ်မံဖော်ထုတ်ရန်ရှိ


လက်ရှိတွင် သီလ၀ါအထူး စီးပွားရေးဇုန်၌ စက်မှုဇုန်မြေအ ဖြစ် အဆင့်မြှင့်တင်ထားမှု ၅၈၃ ဟက်တာ (ဧက ၁,၄၀၀ ကျော်)ရှိပြီး ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိနေကြောင်း မြန်မာ-ဂျပန်သီလ၀ါဖွံ့ ဖြိုးမှုလီမိတက်(MJTD) က ဇွန်လ ၁၄ ရက်၌ သတင်းထုတ်ပြန်သည်။သီလ၀ါအထူးစီးပွားရေး ဇုန်တွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံသူ များလာ၍ မြေဧရိယာ ၉၉ ဟက် တာထပ်မံဖော်ထုတ်ရန်ရှိကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန်စီမံ ခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးရွှေဟိန်းက ပြောသည်။

လက်ရှိတွင် အဆင့်မြှင့်တင် ထားသည့် ၅၈၃ ဟက်တာ၌ ရင်း နှီးမြှုပ်နှံပြီး လုပ်ငန်းလည်ပတ်နေ သူ ၄၉ ဦးရှိပြီး ၂ နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူ ၉၀ ကျော်ဖြင့် လုပ်ငန်းစတင်မည်ဟု MJTD(MyanmarJapan Thilawa DevelopmentLimited) ဥက္ကဋ္ဌတိုမိုယာစုရှိမီ ဇူက ပြောသည်။
‘‘သီလ၀ါ အထူးစီးပွာရေးဇုန်ရဲ့ တည်ဆောက်မှုလုပ်ငန်း စတင်ခြင်း ဖွင့်ပွဲဟာဆိုရင် မြန်မာ နိုင်ငံရှိ စက်မှုစီးပွားရေးဖွံ့ဖြိုးမှု ကို တွန်းအားဖြစ်လာစေရန် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် များထဲမှာ ကြီးမားတဲ့မှတ်တိုင် ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် ဖြစ်တည်လာစေရန် သဘောတူ ညီချက်ရေးထိုးခဲ့သည့် ၂၀၁၅ က စတင်ပြီး ၂၀၁၈ ဧပြီကုန်အထိ ၁၇ နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ ၉၄ ဦးရှိကာ ၀န်ထမ်း နှစ်သောင်းရှိကြောင်း MJTD က ထုတ်ပြန်ထားသည်။
စုစုပေါင်း ဟက်တာ ၂,၅၀၀(ဧက ၆,၀၀၀) ရှိပြီး အပိုင်း(က)တွင်မြေဧရိယာဟက်တာ ၄၀၀ (ဧက ၁,၀၀၀) နှင့် အပိုင်း(ခ)တွင် ဟက် တာ ၂,၁၀၀ ကျော်ရှိသည်။ လက် ရှိတွင် အပိုင်း(က)ကို အပြည့်အ၀ စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်ပြီး ဖြစ်သည်။
      MJTD သည် မြန်မာအစိုးရနှင့် ဂျပန်အစိုးရ၏ ရှယ်ယာများပါဝင် ပြီး ဂျပန် MMS နှင့် မြန်မာသီလ ၀ါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာများ ပါဝင် ထားသည်။

*
7Day News

No comments:

Post a Comment

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...