Thursday, June 7, 2018

Dry Ports to be completed in October

ဒဂုံအရှေ့ပိုင်းမြို့နယ် ရွာသာကြီးရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် တည်ဆောက်နေသည့် ကုန်းတွင်းဆိပ်ကမ်း (Dry Ports) နှစ်ခုတည်ဆောက်မှု ယခုနှစ် အောက်တိုဘာတွင် ပြီးစီးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။



အဆိုပါ ကုန်းတွင်းဆိပ်ကမ်းနှစ်ခုသည် မြန်မာ့မီးရထားပိုင်မြေပေါ်တွင် BOT စနစ်ဖြင့် KM Terminal & Logistics Limited နှင့် Resource Group Logistics Co,Ltd ကုမ္ပဏီနှစ်ခုတို့က တည်ဆောက်နေခြင်းဖြစ်သည်။

ယင်းကုန်းတွင်းဆိပ် (Dry Ports) နှစ်ခုသည် ဧက ၄၀ စီရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာက စတင်တည်ဆောက်ခဲ့ကာ ယခုနှစ်အောက်တိုဘာတွင် တည်ဆောက်မှု ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ရွာသာကြီး ကုန်းတွင်းဆိပ်နှစ်ခုကို ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုက အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်မှုမှာ ရာခိုင်နှုန်း ၅၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“ခုလက်ရှိမှာတော့ Dry Ports တည်ဆောက်မှုမှာ နှစ်ခုစလုံး ရာခိုင်နှုန်း ၅၀ ပြီးစီးနေပါပြီ။ ဆိပ်ကမ်းတည်ဆောက်မှု အားလုံးပြီးစီးသွားရင်တော့ တစ်ရက်ကို ကွန်တိန်နာ အလုံး ၃၀၀၀ ခန့် ကိုင်တွယ်နိုင်မှာပါ” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကုန်းတွင်းဆိပ်ကမ်း (Dry Ports) နှစ်ခု တည်ဆောက်မှုအားလုံး ပြီးစီးပါက သီလ၀ါ-ရွာသာကြီး-မြစ်ငယ်တို့အကြား ကုန်သေတ္တာ ရထားတွဲများ ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတည်ဆောက်နေသည့် (Dry Ports) နှစ်ခုတွင် ကုန်သေတ္တာအလုံးရေ နှစ်သိန်းကျော် သိုလှောင်နိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင်းနှင့် သီလ၀ါဆိပ်ကမ်းအကြား ယာဉ်ကြောကျပ်တည်းမှုအား လျှော့ချနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွာသာကြီးရှိ (Dry Ports) နှစ်ခု တည်ဆောက်မှုအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မေ ၂၆ ရက်က သွားရောက် ကြည့်ရှုခဲ့ရာ ကုမ္ပဏီများမှ တာဝန်ရှိသူတို့က လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှ လက်ရှိအထိ လုပ်ငန်းပြီးစီးမှု အနေအထား၊ တည်ဆောက်စဉ် အိမ်မြေယာများ ဖယ်ရှားမှု အစီစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း အချက်အလက်များအရ သတင်းရရှိသည်။

Eleven Media News


No comments:

Post a Comment

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...