မြန်မာ-ဂျပန် သီလ၀ါ ဒီဗလော့မန့်လီမိတက် (MJTD - Myanmar-Japan Thilawa Development Ltd,) သည် ယနေ့တွင် အကျယ်အ၀န်း (၇၇) ဟတ်တာရှိသော သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း (ခ) အတွက် မြေကွက်များကို ဇူလိုင်လတွင်ရောင်းချမည်ဖြစ်ကြောင်းယနေ့သိရသည်။
ယခုရောင်းချမှုသည်သီလဝါအထူးစီးပွားရေး ဇုန်ရှိ စုစုပေါင်း ဟတ်တာအကျယ်အ၀န်းကို ၅၈၃ ဟတ်တာ ထိမြှင့်တင်လာနိုင်မည်ဖြစ်ပြီး တိုးတက်နေသော စီးပွားရေးဇုန်တွင် ဒေသခံများ ရင်းနှီးမြှပ်နှံနိုင်ရန်အတွက် အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်၏ အနောက်တောင်ဖက်အရပ်တွင် တည်ရှိသော သီလ၀ါအထူးစီးပွားရေး ဇုန်သည် နိုင်ငံအတွင်းတွင် ဖွံ့ဖြိုးတိုးတက်လာသော ရင်းနှီးမြှုပ်နှံသည့် နေရာ ဖြစ်ပြီး သီလ၀ါအထူးစီးပွားရေးဇုန် ဇုန်ဘီ ၏ ဒုတိယအဆင့်သည်လည်း အခြေခံ အဆောက်အအုံများဖြစ်သည့် လမ်းများနှင့် လျှစ်စစ်မီး၊ ရေ၊ လျှပ်စစ်ဓာတ်အား စသည့်အရာများကိုသာမက အခြားသောဝန်ဆောင်မှုများဖြစ်သည့်ပြုပြင်ထိန်းသိမ်းခြင်းပိုင်းဆိုင်ရာများကို ရင်းနှီးမြှပ်နှံသူများအတွက် ထောက်ပံ့ပေးထားမည်ဖြစ်သည်။
လွန်ခဲ့သော (၆) နှစ်မှ မြန်မာနှင့် ဂျပန်အကြားတွင် သီလ၀ါအထူးစီးပွားရေးဇုန် ဖြစ်တည်လာစေရန် သဘောတူညီချက် ရေးထိုးခဲ့ကြပြီး လုပ်ငန်းစတင် လည်ပတ်သော ၂၀၁၅ ခုနှစ်မှစ၍ အောင်မြင်တိုးတက်လာလျက်ရှိကြောင်း လွန်ခဲ့သော ဧပြီလကုန်တွင် သီလ၀ါအထူးစီးပွားရေးဇုန်၏ ဝန်ထမ်းဦးရေ ၂၀၀၀၀ ရှိခဲ့ပြီး နိုင်ငံ ၁၇ နိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူ ၉၄ ဦးမှ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏသည် ကဏ္ဍအသီးသီးတွင် ၁.၄ ဘီလီယံ ဒေါ်လာ ရှိခဲ့ကြောင်းသိရသည်။
သီလဝါ power plant သည် ၂၀၁၆ တွင် တည်ဆောက်ပြီးစီးခဲ့ပြီး သီလ၀ါဓါတ်အားခွဲရုံသည် ဖေဖော်ဝါရီလ ၂၀၁၈ တွင် လုပ်ငန်းစတင်ခဲ့ကာ ယင်းသည် ပင်မဓါတ်အားလိုင်းနှင့် ဆက်စပ်ထားခြင်းကြောင့် လျှပ်စစ်စွမ်းအား စွမ်းဆောင်နိုင်မှုကို မြှင့်တင်ပေးနိုင်ရုံသာမက လျှပ်စစ်ဗို့ အားအတက်အကျကိုပါ ထိန်းသိမ်းပေးနိုင်ခဲ့သည်။
Mr. Tomoyasu Shimizu, President of MJTD သည် “သီလ၀ါ အထူးစီးပွားရေးဇုန် ဇုန်ဘီရဲ့ တည်ဆောက်မှု လုပ်ငန်းစတင်ခြင်း ဖွင့်ပွဲဟာဆိုရင် မြန်မာနိုင်ငံရှိ စက်မှုစီးပွားရေး ဖွံ့ဖြိုးမှုကိုတွန်းအားဖြစ်လာစေရန်အတွက်ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်များထဲမှ ကြီးမားတဲ့ မှတ်တိုင်ဖြစ်ပါတယ်။ စုစုပေါင်း ဖွံ့ဖြိုးမှုဧရိယာရဲ့ (၅၈၃) ဟတ်တာထဲမှ ရင်းနှီးမြှပ်နှံသူ ၄၉ ဦးဟာဆိုရင် လုပ်ငန်း စတင်လည်ပတ်လျှက် ရှိပြီး (၃၁) ဦးသည် စက်ရုံတည်ဆောက်နေဆဲ အနေအထားမှာရှိပါတယ်။ လာမယ့် (၂) နှစ်အတွင်းမှာ ရင်းနှီးမြှပ်နှံသူ (၉၀) ကျော်မှ လုပ်ငန်းစတင်လည်ပတ်တော့မှာဖြစ်ပါတယ်။ ထိုအချက်အလက်များသည် ဇုန်အတွင်းသာမက ကျန်တဲ့ဒေသအတွင်းမှာပါ ကြီးမားတဲ့အောင်မြင်မှုဖြစ်တဲ့အပြင် ရင်းနှီးမြှပ်နှံမှုကို တိုးတက်စေမယ့် သင်္ကေတ တစ်ခုအနေနဲ့ ဖြစ်နေပါတယ်” ဟုပြောကြားခဲ့သည်။
၂၀၁၇ ဧပြီလမှစ၍ ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်မှတ်တမ်းများအရ အဓိက သမိုင်းမှတ်တိုင်များမှာ ယခုနှစ်အစောပိုင်း မတ်လတွင် JFE-Meranti ၏ စက်ရုံတည်ဆောက်ခြင်း၊ ဒီဇင်ဘာ ၂၀၁၇ တွင် ဇုန်ဘီ၏ ဒုတိယအပိုင်းဖွံ့ဖြိုးတိုးတက်မှုတွေနှင့်အတူ ဧပြီလ ၂၀၁၇ ခုနှစ်တွင် Acecook Myanmar နှင့် ဇန်နဝါရီ ၂၀၁၈ ခုနှစ်တွင် Suzuki Myanmar တို့၏ လုပ်ငန်း စတင်လည်ပတ်ခြင်း စသဖြင့် ပါဝင်ခဲ့ကြောင်းသိရသည်။


No comments:
Post a Comment