Thursday, June 21, 2018

Caterpillar, Volvo, Komatsu linked to mining abuses in Myanmar

မြန်မာ့ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်နှင့်ဆက်စပ်သော မတော်မတရားပြုမှုများတွင် နိုင်ငံတကာယန္တရားကုမ္ပဏီကြီးများ ဆက်စပ်နေဟု စစ်တမ်းတစ်ရပ် စွပ်စွဲဖော်ပြ




နိုင်ငံတကာ စက်ယန္တရားကုမ္ပဏီ ကြီးသုံးခုသည် မြန်မာနိုင်ငံရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ခွင်နှင့် ဆက်စပ်သော မတော်မ တရားပြုမှုများကို သွယ်ဝိုက်အားပေးနေကြောင်း စစ်တမ်းတစ်ရပ် က စွပ်စွဲဖော်ပြခဲ့သည်။
အလွန်အကျွံ ကျောက်စိမ်း တူးဖော်ထုတ်လုပ်ခြင်းနှင့် ဆက် စပ်ပြီး ဖားကန့်တွင် မြေယာသိမ်း ဆည်းမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားမှုတို့အတွက် Caterpillar ၊ Volvo နှင့် Komatsu တို့က တာဝန်မကင်းသည့် ကဏ္ဍမျိုးတွင် ပါဝင်နေကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် Swedwatch ရန်ပုံငွေအဖွဲ့က ဇွန်လ ၂၀ ရက်တွင် ကြေညာသည်။
အဆိုပါ ကုမ္ပဏီကြီး သုံးခု သည် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်စိမ်းတွင်းများတွင် အဓိ ကအကျဆုံး လုပ်ငန်းလည်ပတ်ရာ ယန္တရားအမှတ်တံဆိပ်များအ ဖြစ် ရပ်တည်နေကြောင်း Swed-watch က ဖော်ပြထားသည်။
လွန်ခဲ့သည့် ၁၅ နှစ်မျှအ တွင်း ဖားကန့်တွင် ကျောက်စိမ်း တူးဖော်မှုများနှင့်ဆက်စပ်၍ လူ ထောင်သောင်းချီမျှထိ ကိုယ်ပိုင်မြေနေရာများ သိမ်းဆည်းခံခဲ့ရ သလို မြေပြိုမှု၊ ရေကြီးမှုများ ကြောင့် နှစ်စဉ် လူရာနှင့်ချီသေဆုံး နေကြောင်း Swedwatch က ဆို သည်။
‘‘၂၀၀၀ ပြည့်လွန်နှစ်တွေက စလို့ မြန်မာနိုင်ငံမှာ စက်ယန္တရားကြီးတွေ သုံးစွဲပြီး သတ္တုထုတ်ယူမှုတွေက ခန့်မှန်းလို့ မရနိုင်လောက် အောင် မြန်ဆန်တဲ့ နှုန်းမျိုးနဲ့ မြင့်တက်လာနေပါတယ်’’ဟု အဆိုပါအဖွဲ့အစည်း၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ တက်လာသည့်နောက် ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်မှုစံနှုန်းများကို ပိုမိုကြပ်မတ်လာသော်လည်း လက်တွေ့ တွင်မူ တူးဖော်မှုများ အရှိန် ကောင်းကောင်းနှင့် ဆက်လက် တည်မြဲနေဆဲဖြစ်သည်။
ကချင်ပြည်နယ်တွင် ၂၀၁၅ က ကျောက်စိမ်းမိုင်းတွင်း မြေပြို မှုတစ်ခုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြီးခဲ့သည့်လက လည်း မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၄ ဦးမျှ အသက် ဆုံးရှုံးခဲ့သေးသည်။
ဖားကန့် ဒေသခံများနှင့် ဆက်သွယ်၍ Swedwatch က စုံစမ်းမေးမြန်းရာ တရားမဝင် နည်းလမ်းများဖြင့် မြေယာသိမ်းယူခံရသူများ၊ မြေနေရာ ရောင်းချ ရန် ခြိမ်းခြောက်ဖိအားပေးခံရသူ အများအပြားရှိကြောင်း ဖော် ထုတ်တွေ့ရှိခဲ့သည်။ ရာနှင့်ချီ သော မိသားစုများသည် ၎င်းတို့ ၏ လယ်ယာမြေများ ဆုံးရှုံးခဲ့ရပြီး စိုက်ပျိုးရေးအတွက် အသုံးပြု သည့် ရေအရင်းအမြစ်ညစ်နွမ်းမှု များနှင့်လည်း ကြုံနေရသည်။
ဆွီဒင် ကုမ္ပဏီ Volvo က ကျောက်စိမ်းတူးဖော်မှုနှင့်ဆက် စပ်၍ မြန်မာဘက်မှ ယန္တရားဝယ်ယူသူများက မသင့်လျော်သည့် နည်းလမ်းဖြင့် အသုံးပြုခြင်း ရှိ၊ မရှိ စုံစမ်းနေကြောင်း Swedwatchသို့ ပြောကြားထားသည်။
အမေရိကန်တွင် အခြေစိုက်သည့် ကမ္ဘာ့အကြီးဆုံး စက်မှု ယန္တရားကုမ္ပဏီကြီး Caterpillar ကမူ Swedwatch ၏ ဖော်ထုတ် ရေးသားမှုနှင့်ပတ်သက်၍ သီးခြားမှတ်ချက်ပေး တုံ့ပြန်မှုမရှိသေး ချေ။  Komatsu ကမူ မြန်မာနိုင်ငံသို့ ယန္တရားတင်ပို့ ရောင်းချမှုများ အတွက် အနာဂတ်တွင် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများနှင့်ပတ် သက်၍ ကြပ်မတ်စဉ်းစားမည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ အ တွင်း ကျောက်စိမ်းထုတ်လုပ်မှု စီးပွားရေးလုပ်ငန်း၏ တန်ဖိုးသည် ဒေါ်လာ ၃၁ ဘီလီယံမျှရှိခဲ့ပြီး ဆယ်စုနှစ် တစ်ခုစာကာလတွင်မူ ဒေါ်လာ ၁၂၂ ဘီလီယံထိ ရှိနိုင် ကြောင်း Global Witness က ခန့်မှန်း ဖော်ပြထားသည်။
***
Ref: Reuters
https://www.reuters.com/article/us-myanmar-mining-rights/caterpillar-volvo-komatsu-linked-to-mining-abuses-in-myanmar-report-idUSKBN1JG0E3

No comments:

Post a Comment

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...