Friday, June 15, 2018

Maintain the status

ယှဉ်နိုင်ဖို့ထက်၊ တည်မြဲနေအောင် ဘယ်လို လုပ်မလဲ


၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၆ ရက် နေ့မှာ ထွက်လာမယ့် the Voice journal ရဲ့ ခေါင်းကြီး ဆောင်းပါးရဲ့ သရုပ်ဖော်ပုံ ဖြစ်ပါတယ်

မွန်အမျိုးသားကြီး သင်္ဘော သူဌေး ဦးနာအောက်ကတော့ ဗြိတိသျှ မီးသင်္ဘော ကုမ္ပဏီ Irrawaddy Flotilla ကို အင်အားချင်း မယှဉ်နိုင်ခဲ့ပါဘူး။
အခု လက်လီ-လက်ကား ဈေးကွက်မှာ နိုင်ငံခြား (နိုင်ငံတကာ) ကုမ္ပဏီတွေကို လုပ်ခွင့် ပေးလိုက်တာဟာ သူတို့ဆီက အလုပ်လုပ်ပုံ နည်းစနစ်တွေ မြင်တွေ့ခွင့်ရမှာ မို့လို့ ပို အကျိုးရှိနိုင်မလား၊ ဒါမှမဟုတ် အသေးစား နဲ့ အလတ်စား ပြည်တွင်းက လုပ်ငန်းတွေ ပြိုလဲမလား ဆိုပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်း နယ်ပယ် နဲ့ မီဒီယာ တွေက ရေးသား ပြောဆိုနေကြပါတယ်။

သက်တမ်း ၂ နှစ် ခွဲကျော် လာပြီ ဖြစ်တဲ့ အရပ်သား အစိုးရလက်ထက်မှာ စီးပွားရေးဟာ မျှော်မှန်းသလောက် တက်မလာ သလား၊ စီးပွားရေး ကိစ္စတွေမှာ စီမံခန့်ခွဲမှု အားနည်းနေလား ဆိုတာကိုလည်း ငြင်းခုန်နေကြဆဲ ဖြစ်ပါတယ်။

အခု အခါမှာတော့ ပြည်ထောင်စု အစိုးရက စီးပွားရေး မူဝါဒတွေကို စီမံနိုင်ဖို့ စီမံ/ဘဏ္ဍာ ၀န်ကြီး အသစ်ကို ခန့်လိုက်သလို၊ ပြည်နယ် နဲ့ တိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ်တွေကို ဒေသ အသီးသီးမှာ စီးပွားရေး စီမံကိန်း တွေကို လုပ်ပိုင်ခွင့် ပေးလိုက်တယ်လို့ ယူဆရပါတယ်။

အသေးစား နဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ငွေထုတ်ချေးနိုင်ဖို့ ရန်ကုန်တိုင်း အစိုးရ လကအောက်က မြို့တော် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့တော်ဘဏ်ကို ပြောင်းလဲဖို့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဘီလီယံ ၆၀၀၀ တောင်းခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီါ် အငြင်းအခုန် ဖြစ်နေပါတယ်။
ထိုနည်းတူ ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ စက်မှုဇုန် အသစ် (၁၁) ခု တိုးချဲ့မဲ့ စီမံကိန်းကို တင်ပြရာမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး ကော်မတီနဲ့ အချေအတင် စကား ပြောနေတာ ကိုတွေ့ရပါတယ်။
ဒီတော့ ၀င်လာမယ့် နိုင်ငံတကား ကုမ္ပဏီတွေကို ယှဉ်နိုင်အောင် ပြည်တွင်း ကုမ္ပဏီတွေက ကြိုးစား ရမှာ ဖြစ်သလို၊ အစိုးရ (ပြည်ထောင်စု အဆင့်၊ ပြည်နယ် နဲ့ တိုင်းဒေသကြီး အဆင့်ဆင့် ကလည်း ပြည်တွင်းက လုပ်ငန်းတွေ ၀ါးမြိုမသွားအောင်၊ ဦးစားပေးအောင် ဥပဒေတွေ နဲ့ ကာကွယ်ပေးထားဖို့လည်း လိုအပ်ပါတယ်။

နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်နေကျ ကုမ္ပဏီတွေ အတွက် အားသာချက် ဖြစ်ပေမဲ့ ပြည်တွင်း ကုမ္ပဏီ အများစု အတွက်တော့ ကြီးမားတဲ့ စိမ်ခေါ်မှု ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။
ဈေးကွက် အသာရအောင် ဘယ်လို လုပ်ရမလဲ၊ မျှတနဲ့ ဈေးနှုန်း သတ်မှတ်ပေးနိုင်အောင် ဘာတွေ လိုအပ်သလဲ စတဲ့ အတွေ့အကြုံ နဲ့ လုပ်ငန်း ကျွမ်းကျင်မှု ဟာ နိုင်ငံတကာ ကုမ္ပဏိတွေ အတွက် ထမင်းစား ရေသောက် အဆင့်ပဲ ရှိပါတယ်။

ယှဉ်နိုင်တဲ့ လုပ်ငန်းခွင် သင်တန်းတွေ၊ အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ စီးပွားရေး တွေ့ဆုံ ဆွေးနွေးမှုတွေ နဲ့ ပြည်တွင်း လုပ်ငန်းတွေကို ကျားကန်ပေးထားဖို့ လိုအပ်ပါတယ်။

“ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ပြောရရင်တော့ စားသုံးသူတွေအတွက် ကောင်းပါတယ်။ ကုန်စည်၊ ဝန်ဆောင်မှုအပိုင်းမှာ အရည်အသွေးကောင်းတာကို ရွေးချယ်ခွင့်၊ ဈေးနှုန်းပိုင်းမှာလည်း ပိုပြီးအဆင်ပြေလာမှာပေါ့” လို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက the Voice news ရဲ့ မေးမြန်းချက်ကို မှတ်ချက်ပေးခဲ့ပါတယ်။

“ခုလို နိုင်ငံတကာလုပ်ငန်းတွေ ဝင်ရောက်လာမှာဖြစ်တဲ့အတွက် ယှဉ်ပြိုင်မှုတွေ ပိုများလာပြီးစားသုံးသူတွေအတွက် ပိုကောင်းတဲ့ကုန်စည်၊ ဝန်ဆောင်မှုတွေကို ပိုမိုရွေးချယ်ခွင့်ရလာနိုင်မှာပါ။ နိုင်ငံတကာစံချိန်စံညွှန်းလိုအပ်ချက်တွေအရ ပြည်တွင်းထုတ်ကုန်များရဲ့ ကုန်စည် အရည်အသွေးတွေ တိုးတက်လာမယ်လို့လည်းထင်ပါတယ်” - စီးတီးမတ် ဟိုးလ်ဒင်းလီမိတက်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်ကလည်း the Voice news ကို အခု လို ပြောခဲ့ပါတယ်။

“ပြည်ပကနေ ကုန်ပစ္စည်းတွေသွင်းလာကြမယ်။ ဒီဟာကို ဘယ်လို ထိန်းချုပ်မလဲပေါ့။ နိုင်ငံတော်အနေနဲ့ ကိုယ့်ပြည်တွင်း လုပ်ငန်းတွေကိုဘယ်လို မြှင့်တင်ပေးရမလဲဆိုတာ ကြည့်ပေးရမယ်” ဟု ဦးဇော်မင်းဝင်းက ပြော ပါတယ်။

ဦးနာအောက်ဟာ နယ်ချဲ့ ကုမ္ပဏီကို ယှဉ်နိုင်ဖို့ ကြိုတင် စီမံချက် တွေ၊ အချက်အလက် ဆန်းစစ်မှုတွေ လုပ်ဖို့ အားနည်းခဲ့ပါတယ်။ အခု ပြည်တွင်း ကုမ္ပဏီ အသေး အလတ်တွေ မှာကော အဲဒီလို လုပ်တတ်တဲ့ လုပ်ငန်း ဘယ်လောက် ရှိသလဲ။

ပြည်ပ လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးပြီး ပြည်တွင်း လုပ်ငန်းတွေကို ယှဉ်ပြိုင်ခိုင်းတာဟာ စစ်မှန်တဲ့ ဈေးကွက် စီးပွားရေးရဲ့ သဘောတရား လား။ နည်းလမ်းနဲ့ စိတ်ကူး အသစ်တွေ ရလာမှာ သေချာသလို၊ တစ်ဘက်ကလည်း ယှဉ်နိုင်တဲ့ ကြိုးစား ရုန်းကန်ရမယ် ထင်ပါတယ်။

“ရုတ်တရက် တွေးကြည့်လိုက်ရင်တော့ နိုင်ငံတကာ ကုမ္ပဏီတွေက ငွေကြေးပိုင်းမှာ ခိုင်မာတောင့်တင်းတယ်လို့ ထင်ရပေမဲ့ တကယ် အားသာချက်က နည်းစနစ်ဗျ။ အလုပ်လုပ်တတ်တယ်၊ ပြဿနာ ဖြစ်ရင် ဘာတွေ လုပ်ရမလဲ ဆိုတာ ကျွန်တော်တို့ထက် ပိုနားလည်ပြီးသားဗျ။ အဲဒီလို သိအောင် နားလည်အောင် အချိန်တို အတွင်း လုပ်နိုင်ဖို့ လိုမယ်လို့ ထင်ပါတယ်” လို့ ထက်ရတနာ ကုမ္ပဏီရဲ့ စီအီးအို နဲ့ တည်ထောင်သူ က ပြောပါတယ်။














No comments:

Post a Comment

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...