ပုဂ္ဂလိကဘဏ်လေးခု ထပ်မံခွင့်ပြုမည်
--------------------------------------------
--------------------------------------------
ပြည်တွင်း ပုဂ္ဂလိ ကဘဏ်လေးခု ထပ်မံခွင့်ပြုရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နောက်ဆုံးအဆင့် စိစစ်နေပြီး မ ကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။
ဗဟိုဘဏ်က စစ်ကိုင်း တောင်သူ လယ်သမား ဖွံ့ဖြိုးရေးဘဏ်၊ မန္တလေး တောင်သူလယ်သမား ဘဏ်၊ ခရီးသွားလာရေးဘဏ်နှင့် ကျောက်မျက်ဘဏ်တို့ကို စိစစ် နေခြင်းဖြစ်ကြောင်း ဦးစိုးသိန်းက ဆိုသည်။
မေလ ၂၉ ရက်တွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစိုးရ ၂ နှစ်အတွင်း ဆောင်ရွက် ခဲ့မှုများနှင့် ပတ်သက်၍ သတင်း စာရှင်းလင်းပွဲ၌ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌက မီဒီယာများအားအထက် ပါအတိုင်း ပြောကြားခြင်းဖြစ် သည်။ ဘဏ်လေးခုကို မည်သည့် အချိန်တွင် ထုတ်ပြန်ပေးမည်ကို ၎င်းကထည့်သွင်း ပြောကြားခြင်း မရှိပေ။
ပုဂ္ဂလိကဘဏ် လေးခု ထပ်မံခွင့်ပြုရန် ဗဟိုဘဏ်က စိစစ်နေမှုနှင့်ပတ်သက်၍ ဘဏ် စနစ်များ ယခုထက်ပိုမိုဖွံ့ဖြိုးလာ ရန် အလားအလာကောင်းများ ရှိသော်လည်း ဘဏ်များ ရေရှည် ရပ်တည်ရေး ထည့်သွင်းစဉ်းစား
စီစဉ်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက သုံးသပ်ပြောကြားသည်။
ဘဏ်များဖွင့်လှစ် ရန် ဘဏ်တစ်ခုလျှင် ကျပ်ဘီလီ ယံ ၂၀ ဖြင့် မတည်ရမည်ဖြစ် သည်။
ယခုအခါမြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိက ဘဏ် ၂၄ ခုနှင့် နိုင်ငံခြားဘဏ် ၁၃ ခု ခွင့်ပြုထားသည်။
ယခုအခါမြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိက ဘဏ် ၂၄ ခုနှင့် နိုင်ငံခြားဘဏ် ၁၃ ခု ခွင့်ပြုထားသည်။
-----
source - 7Day news
source - 7Day news
No comments:
Post a Comment