Tuesday, February 16, 2021

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်



(Unicode)

တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာ တွင် စိန်ခေါ်မှုများရှိနိုင်ခြင်း ကြောင့် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။


အသင်းချုပ်သည် စီးပွားရေး ဆိုင်ရာအဖွဲ့အစည်းဖြစ်ပြီး နည်း ပညာအဖွဲ့အစည်း မဟုတ်သည့် အတွက် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို စီးပွားရေးရှု ထောင့်မှသာ သဘောထားမှတ် ချက်ပြုခြင်းဖြစ်သည်ဟု ထုတ် ပြန်ချက်တွင်ဖော်ပြထားသည်။


ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းတွင်ပါရှိသည့် လိုက်နာရ မည့်အချက်များသည် လုပ်ငန်း များ လက်တွေ့လိုက်နာအကောင် အထည်ဖော်ရာ၌ အခက်အခဲများ စွာဖြစ်စေနိုင်ကြောင်း၊ အများနှင့် သက်ဆိုင်သည့် ကျယ်ပြန့်သော ဥပဒေကြမ်းဖြစ်၍ ကဏ္ဍပေါင်း စုံမှ အချိန်ယူ၍ ပါဝင်ဆွေးနွေးပြီး ရလဒ်များကို ထည့်သွင်းစဉ်းစား ပြီးမှ ပြဋ္ဌာန်းသင့်သည်ဟု အသင်း ချုပ်ကဆိုသည်။


တစ်ကမ္ဘာလုံးတွင် ဒစ်ဂျစ် တယ်စီးပွားရေးအရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်နေ၍ မြန်မာ နိုင်ငံကလည်း အမီလိုက်ရန်လို ကြောင်း၊ ကိုဗစ်အလွန်တွင် ဒစ် ဂျစ်တယ်စီးပွားရေးသည် အလွန် အကျိုးပြုသဖြင့် ဒစ်ဂျစ်တယ် စီးပွားရေး အောင်မြင်လာစေရန် လွတ်လပ်စွာ တီထွင်ကြံဆလုပ် ဆောင်နိုင်သည့် ဥပဒေများရှိခြင်း က အလွန်အရေးပါသည်ဟုဆို သည်။


ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် လုပ်ငန်းများ လိုက်နာ ရမည့် ခက်ခဲသော ထိန်းချုပ်ချက်၊ တောင်းဆိုချက်၊ ကန့်သတ်ချက်၊ တားမြစ်ချက် များစွာပါဝင်နေ ကြောင်း၊ လိုက်နာရန် ခက်ခဲသည့် အချက်များစွာရှိနေပါက တိုး တက်မှုအရှိန်အဟုန်အား ဟန့် တားမှု၊ ရပ်တန့်မှုများ ဖြစ်စေနိုင် သည်ဟု အသင်းချုပ်ကဆိုသည်။ 


လိုက်နာရန် ခက်ခဲသည့်အချက် များ များစွာရှိနေပါက လူငယ် များ၏ ဆန်းသစ်တီထွင်မှုအတွက် ကြီးမားသော အဟန့်အတားများ ဖြစ်ပေါ်နိုင်ကြောင်း၊ တိုင်းပြည်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအား ကန့်သတ်လိုက်သကဲ့သို့ ဖြစ် သည်ဟုလည်း အသင်းချုပ်ကဆို သည်။


 ဥပဒေမူကြမ်းတွင်ပါဝင် သည့် လိုအပ်ချက်နှင့် တောင်းဆို ချက်များသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများအတွက် ကြီးမားသော စိန်ခေါ်မှုများဖြစ်ပြီး ထပ်မံဝင် ရောက်လာမည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံများအတွက် အဟန့်အတား ဖြစ်နိုင်သည်ဟု အသင်းချုပ်က ဆိုသည်။


မြန်မာနိုင်ငံကွန်ပျူတာအ သင်းချုပ်နှင့် ကွန်ပျူတာအသင်း များသည် ဆိုက်ဘာလုံခြုံရေးဥပ ဒေကို အဆောတလျင်ပြဋ္ဌာန်း မည်ဆိုပါက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင်ထုတ်ပြန်ထားသည်။ 


ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်း ကို လေ့လာသည့်အခါ နိုင်ငံသား တိုင်း၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်၊ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့် ဝေခွင့်တို့ကို ထိခိုက်ပျက်စီးစေ သည်ကို တွေ့ရှိရကြောင်း မြန်မာ နိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းများက စု ပေါင်းထုတ်ပြန်ခဲ့သည်။


ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနက မြန်မြန်ဆန် ဆန် သဘောထားမှတ်ချက်ပေး အပ်ရန် ညွှန်ကြားထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်း ရေးဆွဲသူများမှာ ပြည်သူကဥပဒေ ပြု အာဏာအပ်နှင်းထားသူများ မဟုတ်သောကြောင့် လက်ခံနိုင် ခြင်းမရှိဟု အရပ်ဘက်အဖွဲ့အ စည်း ၁၅၀ ကျော်က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။


(ZawGyi)






















Friday, April 26, 2019

2019 Yangon Investment Forum

တရုတ်၊ ဟောင်ကောင်နှင့် မြန်မာပါဝင်သည့် ကုမ္ပဏီအုပ်စုက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်စက်မှုဇုန်ကို ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။



“ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်ရှိတဲ့ စီမံကိန်းက ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းရဲ့ စည်ပင်သာယာဧရိယာပြင်ပ မြို့နယ် ၁၂ မြို့နယ် ရှိပါတယ်။ ကိုကိုးကျွန်းမြို့နယ်ဖယ်လိုက်ရင် ၁၁ မြို့နယ်ရှိပါတယ်။ အဲဒီ ၁၁ မြို့နယ်မှာ ဧက ၁၀၀၀ စီမံကိန်းတွေကို ကောင်အထည် ဖော်ထားတာရှိပါတယ်။ အဲဒီဧက ၁၀၀၀ စီမံကိန်းတွေ အကောင်အထည်ဖော်ထားတဲ့အထဲမှာ ထန်းတပင်မှာရှိတဲ့ စက်မှုဇုန်ကို ဟောင်ကောင်၊ ထိုင်ဝမ်က ရင်းနှီး မြှုပ်နှံဖို့အတွက် MoU ထိုးမှာဖြစ်ပါတယ်” ဟု နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားသောစက်မှုဇုန်များတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန်အတွက် စိတ်ဝင်စားနေသည့် ရင်းနှီး မြှုပ်နှံသူများရှိကြောင်း၊ သို့သော်လည်း နှစ်ဖက်နားလည်မှုစာချွန်လွှာရေးထိုးသည့် အဆင့်သို့ မရောက်သေးဘဲ ဆွေးနွေးနေဆဲ အဆင့်သာ ရှိသေးကြောင်း သိရသည်။

ထန်းတပင်စက်မှုဇုန်နှင့်ပတ်သက်သည့် MoU ကိုမူ မေ ၁၀ ရက်နှင့် ၁၁ ရက်တွင် ရန်ကုန်မြို့တွင်ကျင်းပမည့် Yangon Investment Forum 2019 အတွင်း လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီပွဲမှာတော့ ထန်းတပင်စက်မှုဇုန်နဲ့ ပတ်သက်ပြီး MoU ထိုးဖို့ အစီအစဉ်ရှိပါတယ်။ ဒီစက်မှုဇုန်က အချိန်ကြာမြင့်မှုဆိုရင် Development Time က ကိုးနှစ်လောက်ကြာမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှုကို တစ်သိန်းခွဲလောက် မှန်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာသန်း ၅၀၀ လောက် ခန့်မှန်းထားတယ်။ Phase ကို နှစ်ခုခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မေ ၁၀ ရက်မှာ MoU ထိုးမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၅ ရက်အထိ ခြောက်လကျော်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာနှစ်ဘီလျံကျော်အထိ ဝင်ရောက်ထားကြောင်း ဧပြီ ၂၃ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ ဧပြီ ၅ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု /အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၇ ခု၊ ရင်း နှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၈၅ ဒသမ ၃၆၂ သန်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏက ဒေါ်လာ ၁၉၀၉ ဒသမ ၂၀၀ သန်း ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၅ ရက်အထိ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂၁ ဒသမ ၀၇၀ သန်း ဖြစ်သည်ဟု သိရသည်။

သို့ဖြစ်ရာ လက်ရှိဘဏ္ဍာနှစ် ဧပြီ ၅ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၀၃၀ ဒသမ ၂၇ သန်း ဝင်ရောက်ထားကြောင်း သိရသည်။     

Thursday, April 25, 2019

Q4 Biz. Co. Ltd. (Myanmar)


Facebook links of Q4 Biz. Co. related pages

Business

  • https://www.facebook.com/Q4.Biz.Co.mm
  • https://www.facebook.com/q4.capital.mm
  • https://www.facebook.com/Q4.STC
  • https://www.facebook.com/pann.yoma.farm

Transportation
  • https://www.facebook.com/public.transportations.mm
  • https://www.facebook.com/union.roads.mm
  • https://www.facebook.com/union.railways.mm
  • https://www.facebook.com/union.flyers.mm
  • https://www.facebook.com/union.waterways.mm
  • https://www.facebook.com/zg.sigma.auto

Travel
  • https://www.facebook.com/Journey.Enjoy.mm
  • https://www.facebook.com/Bagan.Ancient.Area
  • https://www.facebook.com/MDL.Area
  • https://www.facebook.com/PyinOoLwin.maymyo.mm
  • https://www.facebook.com/aungban.and.kalaw
  • https://www.facebook.com/region.Shan.south
  • https://www.facebook.com/shan.east.Kengtung
  • https://www.facebook.com/tachileik.maesai.border
  • https://www.facebook.com/Loi.Mwe.Hill.Station
  • https://www.facebook.com/region.bgn.central
  • https://www.facebook.com/region.central.north
  • https://www.facebook.com/region.shan.east

News and Info, music, books
  • https://www.facebook.com/MNV.room
  • https://www.facebook.com/yankee.zulu.mm (music)
  • https://www.facebook.com/midi.kb.mm (music)
  • https://www.facebook.com/bravo.delta.mm (books) 
  • https://www.facebook.com/writing.art.mm (books)
  • https://www.facebook.com/M1.weekly.Review (news articles) 
  • https://www.facebook.com/news.info.mm (news)
  • https://www.facebook.com/effective.and.efficient (capacity building)

IT related
  • https://www.facebook.com/softsystem.pc1 (software development)
  • https://www.facebook.com/pc.one.computer.tech (network and computer service)
  • https://www.facebook.com/pc.one.camp (computer training)












4619 new vehicles sold



ယခုနှစ်အတွင်း Brand New ကား အရောင်းပြခန်း ၁၉ ခုမှ ကားအသစ် ၄,၆၁၉ စီး ရောင်းချခဲ့ကြောင်း Automotive Association Of Myanmar(AAM)မှ သိရသည်။

Brand New Showroom များမှ ကားသစ်များ ရောင်းချရာတွင် ပြည်တွင်း၌ CKD ၊ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော ကားများ မှာ ရန်ကုန်လိုင်စင်ရရှိသည့် အခွင့် အရေးကြောင့် ပြည်ပမှ CBU ဖြင့် တင်သွင်းသောကားများထက် အရေအတွက် ပိုမိုရောင်းချနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်အစမှ မတ်လကုန်အထိ Automotive Association Of Myanmar(AAM) တွင် ပါဝင်သော အသင်းဝင် Brand New Showroom များမှ ကားအသစ် ရောင်းချမှုစာရင်းများအရ BMW ၁၆ စီး၊ Chevrolet ၃၈ စီး၊ DongFeng ၂၉ စီး၊ Ford ၂၈၈ စီး၊ Fuso နှင့် Mercedes (CCAM)မှ ၁၈ စီး၊ GAC ၂၅ စီး၊ Higer အစီး ၃၀၊ Hino ၂၉ စီး၊ Hyundai (Truck & Bus) ၁၂ စီး၊ Isuzu ၅၄ စီး၊ Jaguar ၂ စီး၊ Land Rover ၁၀ စီး၊ Mazda ၁၁၄ စီး၊ Mercedes-Benz ၁၅ စီး၊ Mitsubishi ၇၄ စီး၊ Nissan အစီး ၂၈၀ ၊ Scania အစီး ၂၀၊ Suzuki ၂၆၉၈ စီး၊ Toyota ၈၅၃ စီးနှင့် Volvo ၁၄ စီး ရောင်းချခဲ့ကြောင်း သိရသည်။


Automotive Association Of Myanmar အသင်းကို ကား ရောင်းပြခန်း ၂၂ ခု၊ Brand New လူစီးကားနှင့် လုပ်ငန်းသုံးယာဉ်များ ရောင်းချနေသည့် ကုမ္ပဏီ ၂၇ ခု တို့ဖြင့် ဖွဲ့စည်းထားပြီး BMW ၊ Chevrolet ၊ DFM ၊ Ford ၊ Fuso ၊ GAC ၊ Higer ၊ Hino ၊ Hyundai (Truck & Bus) ၊ Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Mitsubishi ၊ Nissan ၊ Scania ၊ Suzuki ၊ TATA ၊ Toyota ၊ Volkswagen ၊ Volvo စသည့် ကားအရောင်းပြခန်းများမှ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Partial shortage of Electricity in Yangon

အရေးပေါ် ဓာတ်အားပိတ်ရာတွင်-
(က) စက်မှုဇုန်များသို့ ဓာတ်အားပေးထားသော ဓာတ်အားလိုင်းများကို ပထမအဆင့် အနေဖြင့် အချိန်ပိုင်း ဓာတ်အားပိတ် ဝန်အားလျော့ ပါမည်။

*
ရေအားလျှပ်စစ် စက်ရုံများတွင် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေသဖြင့် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အောက်ပါ အတိုင်း ကြေညာထား ပါသည်။

----

အများပြည်သူထံသို.မေတ္တာရပ်ခံ အသိပေးပန်ကြားခြင်း
***
၁။ ယခုအချိန်ကာလသည် ပူပြင်းခြောက်သွေ. သော နွေရာသီကာလသို.ရောက်ရှိနေပြီး၊ ရာသီဥတု အပူချိန်မှာ တစ်နေ့ထက် တစ်နေ့ မြင့်တက်လျက်ရှိသဖြင့် ဓာတ်အား စနစ်၏ လျှပ်စစ်ဓာတ်အားကို အဓိက ထုတ်လုပ်နေသော ရေအားလျှပ်စစ် စက်ရုံများတွင် ရေများလျော့ နည်း ခန်းခြောက်လျက် ရှိရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ လျော့နည်း ကျဆင်းနေပါသည်။

မိုးမရွာသွန်းမှီ အချိန်အထိ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေမည်ဖြစ်ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့ ဓာတ်အား ပို့လွှတ်မှုနှင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုမှာလည်း လျော့နည်း နေမည် ဖြစ် ပါသည်။

၂။ ထို့ကြောင့် အပူချိန် စံချိန်တင်မြင့်တက်လျက် ရှိသော ယခုနှစ် နွေရာသီကာလတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ဝန်အားများသည့် Peak Load ( နံနက်ပိုင်း (၀၉း၀၀)နာရီမှ (၁၁း၀၀)နာရီအတွင်း၊ ညနေပိုင်း (၁၉း၀၀)နာရီ မှ (၂၀း၀၀)နာရီအတွင်း ) အချိန်များတွင် အချို့ သော ဓာတ်အားလိုင်းများကို လိုအပ်ပါက အရေးပေါ် ယာယီ ဝန်အားလျှော့သွားရမည် ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ မြို့နယ်များ၊ ရပ်ကွက်နေရာများတွင် အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်ပါသည်။

၃။ ထိုကဲ့သို့ အရေးပေါ် ဝန်အားလျော့ထိန်းညှိခြင်း ဆောင်ရွက်ရာ၌ ဓာတ်အားပိတ် ကြာမြင့်ချိန် အနည်းဆုံး တစ်နာရီ မှ အများဆုံး နှစ်နာရီအထိ ကြာမြင့်နိုင်မည် ဖြစ်ပါသည်။

အရေးပေါ် ဓာတ်အားပိတ်ရာတွင်-

(က) စက်မှုဇုန်များသို့ ဓာတ်အားပေးထားသော ဓာတ်အားလိုင်းများကို ပထမအဆင့် အနေဖြင့် အချိန်ပိုင်း ဓာတ်အားပိတ် ဝန်အားလျော့ ပါမည်။

(ခ) အများပြည်သူနေထိုင်ရာ ရပ်ကွက်နေရာများကိုမူ လိုအပ်မှသာလျှင် အချိန်ပိုင်းဓာတ်အားပိတ် ဝန်အားလျှော့ မည်ဖြစ်ပါသည်။

(ဂ) အများပြည်သူ အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကိုဆောင်ရွက်ပါမည်။

၎။ သို့ ဖြစ်ပါ၍ ယခုနှစ်နွေရာသီတွင် မိုး မရွာသွန်းမှီ အချိန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အရေးပေါ် ဝန်အားလျှော့ ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိလာနိုင်မှု အပေါ် နားလည်ခွင်.လွှတ်ပေးပါရန် အများပြည်သူထံသို့ လေးစားစွာဖြင့် မေတ္တာရပ်ခံအသိပေး ပန်ကြား အပ်ပါသည်။

*
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
(www.facebook.com/yescmyanmar)

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...