သရက်သီးကနေ တန်ဖိုးမြင့် ထုတ်ကုန်တွေထုတ်ဖို့ လိုပြီ သရက်ဝိုင်ထုတ်လုပ်ဖို့ ကြိုးပမ်းနေသူ ဦးကျော်စိုးနိုင်နှင့် တွေ့ဆုံခြင်း
သည်နှစ် သရက်ရာသီမှာ ပြည်ပတင်ပို့တဲ့ သရက်ဈေးကွက်ဟာ အဆမတန်ကျဆင်းနေပါတယ်။ နောင်နှစ်တွေမှာလည်း ဈေးကွက်ကျဆင်းနိုင်တဲ့ အရိပ်အခြည်တွေဖြစ်ပေါ်နေပါတယ်။ သရက်ဈေးကွက်ကျဆင်းနေတာကို ကုစားနိုင်ဖို့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်နိုင်ဖို့ ကြံဆကြိုးပမ်းနေတဲ့ လုပ်ငန်းရှင်တွေ ရှိပါတယ်။ သည်ထဲကမှ သရက်သီးကတစ်ဆင့်တန်ဖိုးမြင့်ဝိုင် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတဲ့ ဦးကျော်စိုးနိုင်နဲ့ တွေ့ဆုံမေးမြန်းပါတယ်။အချို့ကို ကောက်နုတ်ဖော်ပြပါတယ်။
မော်ဒန်။ ။ သရက်သီးကနေ တန်ဖိုးမြင့် ဝိုင်ထုတ်လုပ်ဖို့ နဲ့ပတ်သက်ပြီးရှင်းပြပေးစေချင်ပါတယ်။
ဦးကျော်စိုးနိုင်။ ။ သရက်နဲ့ပတ်သက်လို့ကတော့ လုပ်ဖို့ကတော့လိုနေပြီ။ တန်ဖိုးမြင့် ထုတ်ကုန်တစ်ခုထုတ်ဖို့အတွက်လိုနေပြီ၊ အဲဒါက ရောင်တန်းဝင်ပစ္စည်းလည်း ဖြစ်ရမယ်၊ ကွာလတီကောင်းတဲ့ ပစ္စည်း ဖြစ်ရမယ်။ ကွာလတီကောင်းတယ်ဆိုတာက ပက်ကေ့ဂျင်းကအစ ကောင်းတဲ့ပစ္စည်းတွေဖြစ်ရင် ပိုပြီးကောင်းလိမ့်မယ်လို့ မြင်တယ်။ ဥပမာ သရက်သီးကို ဝိုင်ထုတ်တာမျိုး၊ သရက်ပြားအခြောက်ဆိုလည်း ကွာလတီကောင်းတာမျိုးလုပ်နိုင်ရင်ပိုကောင်းလိမ့်မယ်လို့မြင်တယ်။ သည်နှစ် သရက်ရာသီမှာ စစမ်းတာဟင်္သာသီးတွေ ပုံနေလို့ မိတ်ဆွေတစ်ယောက်က လှမ်းဆက်သွယ်တယ်။ အဲဒါကိုအနှစ်လုပ်ပြီး ခဲထားလိုက်တယ်။ အဲဒါဆိုရပြီ။
မော်ဒန်။ ။ သရက်နဲ့ ပတ်သက်ပြီး ဝိုင်လုပ်တဲ့အခါမှာ ဘယ်လိုနည်းစနစ်ကိုအခြေခံပြုလုပ်တာလဲ ။
ဦးကျော်စိုးနိုင်။ ။ သရက်သီးကိုအနှစ်ထုတ်ပြီး အပူပေးထားမယ်ဆိုရင် သူက ဒုတိယအဆင့်ရောက်သွားပြီး သူကဖျော်ရည်သုံးမလား၊ ရေခဲမုန့်သုံးမလား ကြိုက်တဲ့နေရာသုံးလို့ရတယ်။ အဲသည်အဆင့်မှာကြိုက်တာသုံးလို့ရမယ်။ ပျူရီအနှစ် အဲဒါကို ရေခဲခန်းထဲထည့်ထားကြိုက်တာ ထုတ်လို့ရတယ်။ ဝိုင်က ကျတော့ စီစဉ်ကြည့်တယ်။ ပြင်ဆင်နေတယ်။ လောလောဆယ်မိရိုးဖလာနည်းက စသွားနေတယ်။ ဝိုင်ကို အကောင်းဆုံးဖြစ်အောင် ကိုရီးယားက ကျွမ်းကျင်ပညာရှင်တစ်ယောက်ရှိတယ်။ သူနဲ့ပြောပြီးတော့ ဝိုင်ကိုဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲ ကျွန်တော် တိုင်ပင်ရဦးမယ်။
မော်ဒန်။ ။ သရက်ကနေ တန်ဖိုးမြင့်ဝိုင်ထုတ်တဲ့နေရာမှာ ဘယ်လိုအသီးအမျိုးအစားကိုရွေးချယ်အသုံးပြုလဲ။
ဦးကျော်စိုးနိုင်။ ။ သရက်က အမျိုးအစားအများကြီးရှိတယ်။ အဲသည်ထဲကမှ တစ်မျိုးစီသုံးနိုင်ရင်တော့ အကောင်းဆုံးပဲ။ ဥပမာ စိန်တလုံးဆို စိန်တလုံး၊ ဟင်္သာဆို ဟင်္သာကြိုက်တဲ့အမျိုးအစားသုံးလို့ရတယ်။ သူက စိမ်ရဦးမှာဆိုတော့ နည်းနည်းတော့ကြာတယ်။ ခုစမ်းပြီးတော့လုပ်နေတယ်။
မော်ဒန်။ ။ လက်ရှိအခြေအနေမှာ ပြည်တွင်းထုတ်ဝိုင်တွေရဲ့ဈေးကွက်က လက်ဆောင်ပစ္စည်းလောက်နဲ့ပဲသွားနေတာရှိပါတယ်။ သရက်ကထုတ်တဲ့ တန်ဖိုးမြင့်ဝိုင်တွေအတွက် ဘယ်လိုဈေးကွက်အလားအလာတွေ မျှော်မှန်းထားပါသလဲ။
ဦးကျော်စိုးနိုင်။ ။ အမှန်ကတော့ လောလောဆယ်တော့လက်ဆောင်ပစ္စည်းအဖြစ်ပေးတဲ့ အဆင့်အနေနဲ့ အရသာအရင်စမ်းလိုက်မယ်။ ပြီးမှ သူ့ရဲ့အရသာအပေါ်လက်ခံနိုင်မှုဘယ်လောက်ရှိလဲ ကြည့်ရမှာ။ ဈေးကွက်ကတော့ရတယ်။ ကမ္ဘာမှာထုတ်နေတဲ့ တန်ဖိုးမြင့်ဝိုင်တွေထဲမှာလည်းရှိတယ် သရက်ဝိုင်ချိုဆိုတာ။
မော်ဒန်။ ။ ခုလို သရက်ကနေတန်ဖိုးမြင့်ဝိုင်ထုတ်ဖို့ကြိုးပမ်းနေတဲ့ အချိန်အတွင်းမှာ အခက်အခဲတွေကြုံရတာကောရှိပါသလား။
ဦးကျော်စိုးနိုင်။ ။ အဓိကတော့ ဝိုင် ဖြစ်တဲ့အတွက် ယစ်မျိုးခွန်တွေထဲမှာပါနေတယ်။ အဲသည်အတွက် အခွန်အခ၊ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်စသဖြင့် လုပ်ရတာရှိတယ်။ နောက်ပြည်တွင်းထုတ် ဝိုင်တွေအပေါ်မှာလည်း အခွန်အခကတိုးမြှင့်ထားတာရှိတဲ့အတွက် သည်အပေါ်မှာတော့ ပြဿနာနည်းနည်းရှိနိုင်တယ်။ ကျန်တာတော့သိပ်မရှိပါဘူး။
မော်ဒန်။ ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပါဦး။
ဦးကျော်စိုးနိုင်။ ။ သရက်ကနေတန်ဖိုးမြှင့် ထုတ်ကုန်တွေဝိုင်တစ်ခုတည်းတင်မဟုတ်ပါဘူး၊ တခြားထုတ်လို့ရနိုင်မယ့် ထုတ်ကုန်တွေထုတ်လုပ်နိုင်ဖို့ စမ်းသပ်ကြိုးပမ်းနေတာရှိတယ်။ နယ်တွေဘက်မှာ လည်းသည်လိုထုတ်ကုန်တွေထုတ်နိုင်ဖို့အတွက်ကို နည်းပညာတွေဖြန့်ပေးနေတယ်။ သရက်က ရေရှည်မှာဈေးကွက်ကြည့်မယ်ဆို သည်လိုတန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်နိုင်မှအဆင်ပြေမယ်။ ကျွန်တော်တို့ နိုင်ငံက သရက်နဲ့ပတ်သက်ရင် ထုတ်ကုန်ထုတ်လုပ်မှုကအင်မတန်နည်းတယ်။ သရက်ပြား၊ သရက်သီးသနပ်၊ သရက်ခြောက်၊ သည် လေးငါးခြောက်မျိုးလောက်ပဲ ထုတ်နိုင်တဲ့အခြေအနေမှာသူများ နိုင်ငံက အမျိုးပေါင်း ၁ဝဝ ကျော်လောက်ထုတ်နေနိုင်ပါပြီ။ သည်အတွက် ကျွန်တော်တို့တွေဘက်လုပ်ဖို့ လိုအပ်နေပါပြီ။
မော်ဒန်။ ။ ခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
*
မော်ဒန် - ကုမုဒြာ သတင်း
Subscribe to:
Post Comments (Atom)
ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်
(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...
-
မြန်မာနိုင်ငံကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအားလုံး သြဂုတ်လမှစတင်ကာအွန်လိုင်းမှတ်ပုံတင်စနစ် ပြုလုပ်ရမည် မြန်မ...
-
Q4 stands of 4 qualities that we give to our business partners and customers. Effectiveness Efficiency Sincerity Satisfactory in ...
-
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကို တိုးချဲ့ဖွဲ့စည်း ၁၉၅၁ခုနှစ် အက်ဥပဒေအရ နိုင်ငံတွင် ဖွဲ့စည်းထားသော နှစ်ပေါင်း ၆၀ကျော် သက်တမ်းရှိ စစ...

No comments:
Post a Comment