ပြည်တွင်း ငွေကြေးဈေးကွက်တွင် ဂျပန်ရင်းနှီးမြှုပ်နှံမှုနှင့် ယန်းငွေအသုံးပြုနိုင်ရေး ဗဟိုဘဏ်နှင့်ဆွေးနွေး
![]() |
| ဂျပန် နိုင်ငံ ငွေစက္ကူ နဲ့ အကြွေများ |
ဂျပန်ကုမ္ပဏီများကို ပြည်တွင်း ငွေကြေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခွင့်ပေးရန်နှင့် ငွေ ပေးချေမှုတွင် ယန်းငွေ အသုံး ပြုနိုင်ရေး ဂျပန်နိုင်ငံနှင့် ဆွေးနွေး ခဲ့ကြောင်း ဗဟိုဘဏ်က သတင်း ထုတ်ပြန်သည်။
မြန်မာနိုင်ငံ ဗဟိုဘဏ် ICT System (သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ စနစ်) ဖွံ့ဖြိုးရေး၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် ဖွံ့ဖြိုးရေး ဂျပန်နိုင်ငံက ကူညီနေသည်။
ထိုဆွေးနွေးပွဲကို ဇွန်လ ၁ ရက်တွင် ဗဟိုဘဏ်ရုံး၌ မြန်မာ နိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်တို့ တက်ရောက်ခဲ့သည်။
‘‘Trade Currency (ကုန် သွယ်ရာတွင် ပေးချေသည့် ငွေ ကြေး) အဖြစ်နဲ့ နိုင်ငံတကာသုံး ဒေါ်လာကိုပဲ လက်ရှိအချိန်မှာ ခွင့် ပြုထားတာပဲရှိသေးတယ်။ ဂျပန် ယန်းကို ခွင့်မပြုထားသေးဘူး’’ဟု ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောသည်။
လက်ရှိတွင် ပြည်တွင်းဘဏ် များ၌ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနှင့် ဥရောပငွေ ကြေး ယူရိုတို့ကို ဘဏ်အကောင့် ဖွင့်လှစ်ခွင့်ပေးထားကြောင်း၊ ငွေ လဲကောင်တာများတွင် အထက် ပါ နိုင်ငံခြားငွေ သုံးမျိုးအပြင်ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေကို လဲ လှယ်ခွင့် ပေးထားကြောင်း ၎င်း ကပြောသည်။
ငွေကြေးဈေးကွက်တွင် ဂျပန် Daiwa က ရန်ကုန်စတော့ အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံထား ပြီး ဘဏ်လုပ်ငန်း၌ ဂျပန်ဘဏ်ခွဲ သုံးခုကို ခွင့်ပြုထားသည်။
ဂျပန်သည် စင်ကာပူ၊ တရုတ်နှင့် နယ်သာလန်တို့ပြီး နောက် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စတုတ္ထမြောက် အများဆုံးနိုင်ငံဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဂျပန်ရင်းနှီးမြှုပ်နှံမှု သည် ၂၀၁၂ တွင် ကန်ဒေါ်လာ ၂၅၂ သန်း၊ ၂၀၁၃ တွင် ကန် ဒေါ်လာ ၅၅ သန်း၊ ၂၀၁၄ တွင် ကန်ဒေါ်လာ ၁ ဒသမ ၀၂ ဘီလီ ယံရှိခဲ့သည်။ ၂၀၁၅ တွင် ကန် ဒေါ်လာသန်း ၅၉၀ နှင့် ၂၀၁၆ တွင် ကန်ဒေါ်လာသန်း ၂၈၀၊ ၂၀၁၇ တွင် ၁ ဒသမ ၄ ဘီလီယံ အထိ ရှိခဲ့သည်။
![]() |
| နေပြည်တော် - မြန်မာနိုင်ငံ ဗဟိုဘဏ် |
source - 7Day news


No comments:
Post a Comment