ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာ ပြုပြီးတဲ့နောက် သတင်းမီဒီယာတွေကို ပြောလိုက်တာပါ။
စိန်ခေါ်မှုတွေအများကြီးရှိနေပေမယ့် စိန်ခေါ်မှု တွေကိုလျော့တွက်လို့မရတဲ့အကြောင်း ၊ ပြည်သူတွေ အနေနဲ့စီးပွားရေးအတွက် စိတ်မပူပဲ စိတ်အေးအေးထားပြီး သူရဲ့ကြိုးပမ်းဆောင်ရွက်မှု ကို စောင့်ကြည့် ပေးကြဖို့လည်းဝန်ကြီးကဆိုပါတယ်။
ဒ့ါအပြင် အသက်အရွယ်အရ စိတ်ပူနေကြသူတွေကိုလည်း ကျန်းမာရေးကို ဂရုစိုက်ပြီးနေထိုင်တဲ့အကြောင်း ဝန်ကြီးကပြောပါတယ်။ လက်ကျန် နှစ်နှစ်ကျော်သက်တမ်းဆိုတာလည်း မနည်းတဲ့အချိန်ဖြစ်တာကြောင့် ဒီအချိန်အတွင်းမှာ အလုပ် တွေကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်တယ်လို့လည်း ဆိုပါတယ်။
စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းရာထူးကနေနုတ်ထွက်သွားပြီးတဲ့နောက်မှာ ဦးစိုးဝင်းဟာ ဝန်ကြီးသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ ဦးစိုးဝင်းဟာ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်ပါတယ်။
source - 7Day news

No comments:
Post a Comment