တောင်ကြီးတွင် ဖွင့်မည့် ညဈေးတန်းအသစ်၌ ရောင်းခွင့်ရရန် လျှောက်ထားသူသုံးရာကျော်ရှိ
တောင်ကြီးမြို့တွင် ဖွင့်လှစ်မည့် ညဈေးတန်းအသစ် ၌ ဆိုင်ခန်း ၃၈ ခန်းသာ ချပေး မည်ဖြစ်သော်လည်း လျှောက် ထားသူ ၃၃၀ ရှိကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန ဒုဦးစီးအရာရှိ ဦးဝေလှိုင်းက ပြောသည်။
၃၈ ဦးထက် ပိုနေသဖြင့် လျှောက်ထားသူကိုယ်တိုင် မဲနှိုက် စနစ်ဖြင့် ရွေးချယ်မည် ဖြစ်သည်ဟု ၎င်းက ပြောသည်။
‘‘လမ်းဘေးဈေးသည်တွေ ပပျောက်စေလိုတဲ့ ရည်ရွယ်ချက် နဲ့ မြေနေရာအခမဲ့ လျှောက်လွှာ လာထုတ်ပြီး လျှောက်ထားနိုင်ပါ တယ်’’ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်အားကစား ကွင်းအနီး ချထားပေးမည့် ညဈေး တန်း၌ ဈေးဆိုင်ခန်းတစ်ခန်းလျှင် ၁၀ × ၂၀ ပေအကျယ်ရှိမည်ဖြစ် သည်။
ညဈေးတန်းရောင်းချခွင့်ရ သူများသည် သုံးလလျှင် တစ်ကြိမ် စည်ပင်သာယာရေးဌာနသို့ ကျပ်တစ်သိန်းပေးသွင်းရမည်ဖြစ်ပြီး နေရာရောင်းချခြင်း၊ လက်လွှဲငှား ရမ်းခြင်းတို့ လုပ်ဆောင်ခွင့်မပြုဟု တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။
ယင်းအပြင် အဆိုပါညဈေး တန်းနေရာ၌ အရက်၊ ဘီယာများ ရောင်းချခွင့်ပြုမည်မဟုတ်ဘဲ ဒေ
သထွက် အစားအစာ၊ ရိုးရာကုန် ခြောက်ပစ္စည်းများ၊ အဝတ်အ ထည်များသာ ရောင်းချခွင့်ပေး မည်ဖြစ်သည်။ ထင်း၊ မီးသွေးသုံး စွဲခွင့်မရှိဟုလည်း တောင်ကြီးမြို့ နယ်စည်ပင်သာယာရေးဌာနက သတင်းထုတ်ပြန်ထားသည်။
တောင်ကြီးမြို့ နာရီစင်ည ဈေးတန်းနှင့် ဗိုလ်ချုပ်ပန်းခြံ ည ဈေးတန်းတို့တွင် လက်ရှိ ရောင်း ချနေသည့် ဈေးဆိုင်ရှင်များ၊ ၎င်း တို့၏မိသားစုဝင်များအနေဖြင့် ပြည်နယ်အားကစားကွင်းအနီး ညဈေးတန်းတွင် လျှောက်ခွင့်ပြု မည်မဟုတ်ဟု ဦးဝေလှိုင်းက ပြော သည်။ ရှမ်းပြည်နယ် အားကစား ကွင်းအနီးတွင် ညဈေးတန်းတွင် ရောင်းချခွင့် လျှောက်လွှာကို အိမ်ထောင်စုစာရင်း၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်မိတ္တူဖြင့် မေလ ၂၅ ရက်မှ ဇွန်လ ၅ ရက်အထိ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာန သို့ လာရောက်လျှောက်ထားနိုင် သည်။

No comments:
Post a Comment