Tuesday, June 19, 2018

Diesel drained out 3K Gal. from the pipeline

ရေနံပိုက်လိုင်းမှ ဒီဇယ် ဂါလန်သုံးထောင်ကျော် ခိုးယူခံရ


သန်လျင်ရေနံချက်စက်ရုံ မှ သာကေတပင်မသိုလှောင်ရုံသို့ ရေနံပို့လွှတ်သည့် ပိုက်လိုင်းမှ သုံး ရက်အတွင်း ဒီဇယ်ဂါလန် ၃,၀၀၀ ကျော် ခိုးယူခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 သန်လျင်ရေနံချက်စက်ရုံ မောင်းတံဂိတ်အနီး ရေအောက် မြုပ်နေသည့် ပိုက်လိုင်းအောက် တွင် အပေါက်ဖောက်၍ ခိုးယူ ခြင်းဖြစ်ပြီး ထိုအပေါက်၌ အဖွင့် အပိတ်ဘားတစ်ခုလည်း တပ် ထားသည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနက ဇွန်လ ၁၈ ရက်တွင် သ တင်းထုတ်ပြန်သည်။
သာကေတပင်မရေနံသို လှောင်ဖြန့်ဖြူးရေးဌာန ရေနံသို လှောင်ကန်နှင့် အမှတ် (၁) ရေနံ ချက်စက်ရုံ (သန်လျင်) သို့ သွယ် တန်းထားသော ရေနံပိုက်လိုင်း တစ်လျှောက် ဌာန၏လုံခြုံရေး အဖွဲ့က လိုက်လံစစ်ဆေးစဉ် ဇွန် လ ၁၈ ရက် နံနက် ၁၁ နာရီတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 ထိုပိုက်လိုင်းကိုအသုံးပြု၍ သန်လျင်မှ သာကေတ ပင်မသို လှောင်ရုံသို့ ဇွန်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း ဒီဇယ်ဂါလန် ၄၈၀,၀၀၀ ပို့လွှတ်ခဲ့ သော်လည်း ဂါလန် ၄၇၆,၈၀၀ သာ ရောက်ရှိခဲ့ သည်။ ထို့ကြောင့် ဒီဇယ်ဂါလန် ၃,၂၀၀ ပျောက်ဆုံးပြီး အဖွင့်အ ပိတ်တပ်ထားသည့် ဘားမှ ဒီဇယ် များ ခိုးယူခံရခြင်းဖြစ်ကြောင်း ဝန် ကြီးဌာနက ကြေညာထားသည်။
 သန်လျင်မြို့မရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် အမှု ဖွင့်ထားသည်ဟု ပြည်ထဲရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

* 7Day News

No comments:

Post a Comment

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...