Friday, June 29, 2018

Press conference by MDL regional govt

မန္တလေးတိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူကျေနပ်အောင် မလုပ်နိုင်သေး
ဝန်ကြီးချုပ်ပြော

မန္တလေးတိုင်း အစိုးရအဖွဲ့အနေနှင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူကျေနပ်သည်အထိ မလုပ်နိုင်သေးကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအစည်းအဝေးခန်းမ ခြောက်ထပ်ဆောင်၌ ဇွန်လ ၂၈ ရက်နေ့က ပြုလုပ်သော မန္တလေးတိုင်းအစိုးရ အဖွဲ့၏ ဒုတိယတစ်နှစ်တာ သက်တမ်း ကာလအတွင်း ပြောင်းလဲတိုးတက်မှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ခြင်းဖြစ်သည်။

“ရတဲ့ဘတ်ဂျက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေ ကြောင့် ပြည်သူတွေကျေနပ်လောက် အောင် မလုပ်နိုင်သေးတာကို တွေ့ရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသို့ မဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း လက်တွေ့ အောင်မြင်မှုများအနေနှင့် ကျေးလက်မီးလင်းရေး၊ ကျေးလက်လမ်းများ ဖောက်လုပ်ပေးခြင်းတို့ လုပ်ဆောင်ပေးခဲ့ကြောင်း ဝန်ကြီးချုပ်က ထပ်မံပြောကြားသည်။

ပြီးခဲ့သော ဘဏ္ဍာနှစ်အတွင်း တင်ဒါ ပိုလျှံငွေများအဖြစ် ကျပ်သန်း ၁၁,၂၆၁ ဒသမ ၈၁၅ ရရှိခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုများ တိုးတက်လာအောင်လုပ်ဆောင်ခဲ့ ရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံ ရရှိခဲ့ကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်ဘီလီယံ ၄၈၇၂ ထိ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့သို့ နိုင်ငံ တော်အစိုးရက ချထားပေးသော ဘတ် ဂျတ်ငွေများထဲမှ တစ်နှစ်လျှင် ကျပ်သန်း တစ်ထောင်နှုန်းဖြင့် ၂ နှစ်တာ ကာလ အတွက် ကျပ်သန်းနှစ်ထောင်ကို ပညာရေးလုပ်ငန်းအတွက် ကျပ် ၄၀၂ဒသမ ၈၂ သန်း၊ မီးလင်းရေး လုပ်ငန်းအတွက် ကျပ် ၇၃၇ ဒသမ ၈၉ သန်း၊ လမ်းလုပ်ငန်း အတွက် ၇၆ ဒသမ ၈၆၀ သန်း၊ တံတား လုပ်ငန်းအတွက် ကျပ် ၃၆၇ ဒသမ ၅၀၀ သန်း၊ ရေရရှိရေး လုပ်ငန်းအတွက် ကျပ် ၃၅၂ ဒသမ ၆၀၀ သန်းနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကျပ် ၆၁ ဒသမ ဝ၇၁ သန်း အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

“လက်ရှိ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက် အားလုံးဟာ အရင် အစိုးရထက် အများကြီး ဆိုးနေတယ်။ ဒါတွေဟာ ဘတ်ဂျက်ကိစ္စနဲ့ မဆိုင်ပါဘူး။ နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံနဲ့လည်း လုံးဝ မပတ်သက်ပါဘူး” ဟု မန္တလေးမြို့မှ တောင်သူ လယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးအေးသိန်းက ပြောကြားသည်။

ယင်းသတင်းစာ ရှင်းလင်းပွဲသို့ မန္တလေး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

the Voice news

Tuesday, June 26, 2018

FDI less than half due to political reason

နိုင်ငံရေးအခြေအနေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထက်ဝက်အောက် လျော့နည်း


မြန်မာနိုင်ငံတွင် စီးပွား ရေးရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရှိသော်လည်း နိုင်ငံရေးအခြေ အနေများကြောင့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်ဘဏ္ဍာ နှစ် ကာလတူသုံးလနှင့် နှိုင်းယှဉ်ပါက ထက်ဝက်အောက် ကျဆင်းခဲ့ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

၂၀၁၈-၁၉ ကြားကာလ ဘတ်ဂျက် ဧပြီမှ ဇွန်လအထိ သုံးလအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၃၄ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၇၆၀ ကျော် လျော့နည်း သည်။ ယခင် ၂၀၁၇-၁၈ ဘဏ္ဍာ နှစ် ဧပြီမှ ဇွန်လအထိ သုံးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၁,၃၀၀ ကျော် ဝင် ရောက်ခဲ့သည်။

‘‘ဥရောပနိုင်ငံတွေက ရခိုင် အရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တိ တိကျကျမဆုံးဖြတ်နိုင်ဘူးဖြစ်နေ တယ်’’ဟု ၎င်းကပြောသည်။

ရခိုင်အရေးကြောင့် ဥရောပ နိုင်ငံများက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စောင့်ကြည့်နေသည့်အဆင့်တွင်ရှိနေကြောင်း ၎င်းကဆိုသည်။ ထို့အပြင် လက်တွေ့လုပ် ကိုင်ရန် စောင့်ကြည့်နေသော် လည်း လာရောက်စုံစမ်းသည့် နိုင်ငံများစွာရှိသည်ဟု ဦးအောင်နိုင် ဦးကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် စိတ်ဝင်စားနေ သည့် နိုင်ငံများ၌ အာဆီယံ၊ အာရှနိုင်ငံများက အများဆုံးဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။

၂၀၁၈ ကြားကာလ ဘတ် ဂျက်ခြောက်လအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ် လာ သုံးဘီလီယံရှိမည်ဟု ခန့်မှန်း ထားသည်။ သို့သော် သုံးလကြာ မြင့်ချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု သန်း ၅၃၀ ကျော်သာ ဝင်ရောက် ခဲ့သည်။

လက်ရှိအစိုးရသည် စီးပွား ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်နေသော် လည်း နိုင်ငံရေးအခြေအနေနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အ လမ်းရရှိနိုင်မှု အခြေအနေအပေါ် ယုံကြည်မှုနည်းခြင်းကြောင့် လာ ရောက်ရင်းနှီးရန် နှောင့်နှေးနေ ခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။

Sunday, June 24, 2018

Livestock and Agriculture show 2018 at MDL

နိုင်ငံတကာမွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲ တတိယအကြိမ်ကျင်းပ



စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အခွင့်အလမ်း၊ စိန်ခေါ်မှု၊ အလားအလာနှင့် ရေရှည်ရပ်တည်နိုင်ရန် ဟောပြောဆွေးနွေးပွဲများပါဝင်သည့် နိုင်ငံတကာမွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲကို မန္တလေးမြို့တွင် တတိယအကြိမ်မြောက် ကျင်းပလျက်ရှိသည်။

စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ကိရိယာများ၊ ဆေးဝါးများ၊ ပစ္စည်းများခင်းကျင်းပြသသည့် အဆိုပါပြပွဲကို မြို့တော်ခန်းမ၌ သုံးရက်ကြာကျင်းပမည်ဖြစ်ရာ ဇွန်လ ၂၃ ရက်နေ့က စိုက်ပျိုးရေး အခြေခံရင်းနှီးမြှုပ်နှံခြင်းအကြောင်း ဆွေးနွေးခဲ့ပြီး ဇွန်လ ၂၄ ရက်တွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်အစရှိသည့် မွေးမြူရေးဆိုင်ရာများ၊ ဇွန်လ ၂၅ ရက်နေ့တွင် ငါးမွေးမြူရေးဆိုင်ရာများ ဆွေးနွေးကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် မန္တလေးတိုင်းဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောကြားသည်။

“မွေးမြူရေးသမားတွေရော တောင်သူတွေရော နိုင်ငံအသီးသီးကပြသတဲ့ ဆေးဝါးတွေ၊ အသုံးအဆောင်တွေကို တစ်နေရာတည်းမှာ ကြည့်လို့ရတယ်။ နောက်ပြီး ဆွေးနွေးပွဲတွေရှိတယ်။ ဆွေးနွေးပွဲတွေဆိုတာက ကိုယ်က လုပ်တော့ လုပ်နေတယ်။ ရေရှည်မှာ ဘယ်လိုရပ်တည်မလဲ။ ဒါတွေကိုနားထောင်ပြီး ပါဝင်ဆွေးနွေးလို့ရတယ်။ ဒါတွေက မွေးမြူသူအတွက် တောင်သူတွေအတွက် အကျိုးရှိနိုင်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၏စီးပွားရေးသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေရရာ စိုက်ပျိုးမွေးမြူသူများ ကြွယ်ဝချမ်းသာရန်အတွက် သမားရိုးကျနည်းလမ်းဖြင့် မလုံလောက်ကြောင်း၊ ထွက်ရှိလာသည့်ထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပေးနိုင်သည့် စက်မှုလုပ်ငန်းများ ထွန်းကားရန်လိုကြောင်း၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ပေါ်ပေါက်ရန်နှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရန် အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်ရန်လိုအပ်ကြောင်း မန္တလေးတိုင်း၊ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက “လယ်ယာထွက်ကုန်တွေကနေ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းတွေ ထူထောင်နိုင်ဖို့ ဘယ်လိုလုပ်ကြမယ်။ စက်ရုံတွေလည်ပတ်တဲ့အခါမှာလည်း ပြည်သူတွေ ဘေးအန္တရာယ်ကင်းတဲ့ အစားအစာတွေကို ထုတ်လုပ်မယ်။ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာတွေကို ဘယ်လိုကာကွယ်ကြမယ်ဆိုတာ ဆွေးနွေးကြတာ”ဟု ၎င်းက ပြောဆိုသည်။

ယခုပြပွဲတွင် ငါးမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများပါဝင်ပြီး တရုတ်နိုင်ငံမှ လာရောက်ပြသသည့် ပြခန်းများအပါအဝင် ပြခန်းပေါင်း ၇၀ ကျော်ပါဝင်သည်။

the Voice news

Saturday, June 23, 2018

BSI organization structure extended


အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကို တိုးချဲ့ဖွဲ့စည်း


၁၉၅၁ခုနှစ် အက်ဥပဒေအရ နိုင်ငံတွင် ဖွဲ့စည်းထားသော နှစ်ပေါင်း ၆၀ကျော် သက်တမ်းရှိ စစစ ခေါ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကို လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့က တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်လိုက်သည်ဟု သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးစီးပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၈)မှ သဘောတူခွင့်ပြုမှုနှင့် ဖြစ်ပြီး၊ တိုးချဲ့ဖွဲ့စည်းမှုများတွင် ဖွဲ့စည်းပုံတိုးချဲ့လိုက်ခြင်း၊အင်အားတိုးလိုက်ခြင်း၊စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်းဖွင့်ပေးခြင်း၊ နည်းပညာဌာနစုတစ်ခု အသစ်တိုးချဲ့ ဖွဲ့စည်းခြင်း၊ နေပြည်တော်တိုင်းဒေသကြီး/ပြည်နယ်ရုံး(၁၅)ရုံး တွင် ၀န်ထမ်းအင်အားများ ထုတ်နုတ်တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းများ ပါဝင်သည်ဟု စစစ မှ ပြောရေးဆိုခွင့်ရ ညွှန်ကြားရေးမှူးက Popular News ကို ပြောပြသည်။

''စုံစမ်းစစ်ဆေးမှု အတတ်ပညာသင်ကျောင်း ဆိုတာတော့ တစ်ခါမှ မရှိခဲ့ဖူးဘူး။ဒါက ပထမဦးဆုံးပဲ။ တောင်ငူမှာ ရှိတဲ့ စစစ ရုံးကို ကျောင်းအဖြစ်ဖွင့်လိုက်တာ''ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစစ မှ ၀န်ထမ်းအချို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့ သွားရောက် တာဝန်ထမ်းဆောင်နေကြရသလို၊စစစ မှ ၀န်ထမ်းများသည်လည်း ယခင်ကထက် အလုပ်များစွာ ပို လုပ်နေကြရ၍ အစိုးရအဖွဲ့မှ လိုအပ်ချက်များကို ဖြည့်ပေးခြင်းဖြစ်သည်ဟု အထက်ပါ အရာရှိက မှတ်ချက်ပြုသည်။

စစစကို စတင်ဖွဲ့စည်းစဉ် ရဲတပ်ဖွဲ့မှ ရဲစုံထောက်များကို စီစစ်ရွေးချယ်ပြီး ခန့်ထားခြင်းဖြင့် ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။

နှစ်ပေါင်း ၆၀ကျော် ကာလတစ်လျှောက်လုံး စစစ ၀န်ထမ်းတစ်ယောက် ဖြစ်ရန် ဒုရဲအုပ်သင်တန်းတက်ရခြင်း၊ ယင်းနောက် ဌာနတွင်းမွမ်းမံသင်တန်းတက်ရောက်ပြီး အောင်မြင်မှသာလျှင် စစစ ၀န်ထမ်းဖြစ်ခွင့်ရှိသည်ကိုလည်း တွေ့ရသည်။

''ခု သင်တန်းကျောင်းဖွင့်လိုက်တော့ အရှေ့က လုပ်ခဲ့ကြတဲ့အတိုင်း မလုပ်ကြတော့ဘူး ဆိုတာတော့ မဟုတ်ဘူး၊ဒုရဲအုပ် သင်တန်းတက်ရတာတို့၊မွမ်းမံ သင်တန်းတက်ရတာတို့ ဒါတွေကို ပြောတာ။ခု သင်တန်းကျောင်းကျတော့ ပိုပြီး စနစ်တကျ ရှိအောင်လုပ်တဲ့ သဘောပါပဲ။ခုချိန်က Cyber Crime တွေလည်းများလာပြီ။ဒါတွေကို ၀န်ထမ်းတွေက ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ဖို့ လိုလာပြီ''ဟု စစစ မှ ပြောရေးဆိုခွင့်ရ ညွှန်ကြားရေးမှူးက ပြောသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဆိုသည်ကား
၁ - စီးပွားရေးဆိုင်ရာပြစ်မှုများ စုံစမ်းဖော်ထုတ်အရေးယူရေး
၂ - ဝန်ထမ်းမသမာမှုများ စုံစမ်းဖော်ထုတ်အရေးယူရေ
၃ - နိုင်ငံတော်လုံခြုံရေးအတွက် သတင်းများစုဆောင်း တင်ပြရေးစသည်များကို ဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်
(၁) စိစစ်ခြင်းလုပ်ငန်း 
(၂) စုံစမ်းစစ်ဆေးခြင်းလုပ်ငန်း 
(၃) ဥပဒေအကြံပေးခြင်းလုပ်ငန်း
(၄) တရားဆွဲတင်ပို့ခြင်းနှင့် တရားရုံးအမှုလိုက်ပါဆောင်ရွက်ခြင်းလုပ်ငန်း
(၅) သတင်းထောက်လှမ်းစုဆောင်းတင်ပြခြင်းလုပ်ငန်း နှင့် 
(၆) နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်း

တို့ကိုပါ ဆောင်ရွက်ရသည့်ဌာနဖြစ်သည်။



Popular News Media

Companies to re-registration thru on-line



ကုမ္ပဏီများ ဥပဒေသစ် စတင်အာဏာတည်သည့် သြဂုတ် ၁ ရက်ကစ၍ ကုမ္ပဏီအားလုံး ပြန်လည်မှတ်ပုံတင်ရမည်


မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ် စတင်အာဏာတည် မည်ဖြစ်၍ ပြည်တွင်းရှိ ကုမ္ပဏီ အားလုံး သြဂုတ် ၁ ရက်ကစတင် ပြီး ခြောက်လအတွင်း ပြန်လည် မှတ်ပုံတင်ရမည်ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနက ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ပြန်လည် မှတ်ပုံတင်ရာတွင် ၁၉၁၄ ကုမ္ပဏီများ အက်ဥပဒေ နှင့် ၁၉၅၀ အထူးကုမ္ပဏီအက် ဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးပါဝင် ပြီး မှတ်ပုံတင်ခြင်းအတွက် အခ ကြေးငွေ ပေးသွင်းရန်မလို ကြောင်း အဆိုပါဌာနက ကြေညာသည်။
‘‘ခြောက်လ အချိန်ပေးထားတယ်။ ခြောက်လအတွင်း စာရင်း လာမသွင်းရင် ကုမ္ပဏီစာရင်းထဲ က ထုတ်မယ်’’ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။
စာရင်းပယ်ဖျက်ခြင်းသည် ကုမ္ပဏီကို ဖျက်သိမ်းခြင်းမဟုတ်ဘဲ တစ်စုံတစ်ရာပြဿနာပေါ် ပေါက်ပါက ကုမ္ပဏီအမည်ဖြင့်သာ ဖြေရှင်းရမည်ဟု သတ်မှတ် ထားကြောင်း ၎င်းကဆက်လက် ပြောသည်။
ထို့ကြောင့် ကုမ္ပဏီများသည် ၂၀၁၈ သြဂုတ် ၁ ရက်မှ ၂၀၀၉ ဇန်နဝါရီလကုန်အထိ ခြောက်လ အတွင်း ပြန်လည်မှတ်ပုံတင်ရ မည်ဖြစ်ပြီး ကုမ္ပဏီများ မှတ်ပုံ တင်ခြင်းကို အွန်လိုင်း မှတ်ပုံတင်ခြင်း (MYCO) စနစ် ပြောင်းလဲ ကျင့်သုံးမည်ဟု အထက်ပါ ဦးစီး ဌာနက ကြေညာထားသည်။
၂၀၁၇ ကုမ္ပဏီများ ဥပဒေ သည် ၂၀၁၈ သြဂုတ် ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဇွန်လ ၂၁ ရက်စွဲဖြင့် အမိန့်ကြေ ညာချက်ထုတ်ပြန်ထားသည်။
‘‘ကုမ္ပဏီတွေ မှတ်ပုံပြန် တင်ပြီး ဥပဒေအသစ်အရ အကာအကွယ်ယူတာ ကောင်းပါတယ်။ ကျွန်တော်တို့က အလုပ်ရှုပ်တယ် လို့ မခံစားရပါဘူး။ အခု ဥပဒေက တော်တော်လည်း အားကောင်းပါ တယ်’’ ဟု Genius Shan High− lands Coffee ကုမ္ပဏီပိုင်ရှင် ဦးငွေထွန်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံသားပိုင် ပုဂ္ဂလိကကုမ္ပဏီ ၅၂,၀၀၀ ကျော်၊ နိုင်ငံခြားကုမ္ပဏီ ရုံးခွဲ ၅,၈၀၀ ကျော် အစုအစပ် လုပ်ငန်း ၁,၀၀၀ ကျော် အပါ အဝင် စုစုပေါင်း ကုမ္ပဏီ ၆၀,၀၀၀ ခန့်ရှိသည်။
7Day News
------------------------------
On-line မှ ကုမ္ပဏီ မှတ်ပုံတင်ရန် ရှင်းလင်းချက် link - 
https://www.dica.gov.mm/en/how-register-your-company
ဖြည်သွင်းရန် form ပုံစံ link - 
https://www.dica.gov.mm/en/news/sample-re-registration-forms-4-5-2018

Coffee exported to Britain

ဗြိတိန်သို့ မြန်မာ့ကော်ဖီ စပို့




ပြည်ပကုန်စည်ပြပွဲများတွင် မြန်မာ့ ကော်ဖီများသွားရောက်ပြသစဉ် ဗြိတိန် နိုင်ငံက အရည်အသွေးမြင့် အာရေဗီးယား ကော်ဖီတန်ချိန် ၃၀ ဝယ်ယူရန် ကမ်းလှမ်းလာပြီး ဗြိတိန်နိုင်ငံသို့ ဇွန်လပထမအပတ် မှစကာ စတင်တင်ပို့လျက်ရှိကြောင်း မြန်မာ နိုင်ငံကော်ဖီအသင်း အတွင်းရေးမှူး ဦးမင်းလှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ကော်ဖီအစေ့များကို ဂျပန်၊ ဆွစ်ဇာလန် ၊ ဂျာမနီ၊ အမေရိက၊ ထိုင်ဝမ်၊ ကိုရီးယားနှင့် ဥရောပနိုင်ငံများ သို့ ပုံမှန်တင်ပို့လျက်ရှိပြီး ယခု ၂၀၁၈ ခုနှစ် တွင် ဈေးကွက်အသစ်အဖြစ် ကနေဒါနှင့် ဗြိတိန်နိုင်ငံများမှ ဝယ်ယူရန် ကမ်းလှမ်း လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီ အသင်းထံမှ သိရသည်။

“ဒီနှစ်မှာ ကနေဒါတို့၊ အင်္ဂလန်တို့ လို ဈေးကွက်အသစ်တွေလည်း ထပ်ရတဲ့ အတွက် ကော်ဖီစိုက် တောင်သူတွေအနေ နဲ့လည်း ဧကတွေ တိုးစိုက်နေကြပါတယ်။ ဝယ်ဖို့ကမ်းလှမ်းတဲ့အထဲမှာ တချို့ကျ ကွန်တိန်နာတစ်လုံး မှာတာရှိတယ်။ တချို့ ကျတော့ ငါးတန်၊ ၁၀ တန် မှာကြတယ်။ ဈေးကတော့ အရည်အသွေးပေါ်မူတည် ပြီး ကော်ဖီအစေ့တစ်ကီလိုကို လေး ဒေါ်လာခွဲကနေ ခြောက်ဒေါ်လာလောက် အထိ ရတယ်” ဟု ဦးမင်းလှိုင်က ပြောဆို သည်။

ပုံမှန်ကော်ဖီထက်အရည်အသွေး ပိုမိုကောင်းမွန်သည့် အထူးတန်းဝင် ကော်ဖီအစေ့တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀၀၀ မှ ၇၀၀၀ အထိရရှိပြီး ပုံမှန် ကော်ဖီအစေ့တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၀၀၀ မှ ၅၀၀၀ အထိရရှိကြောင်း ကော်ဖီလုပ်ငန်းရှင်များက ပြောကြားသည်။

ယခင်က ပြည်ပနိုင်ငံများသို့ တစ်နှစ် လျှင်ကော်ဖီအစေ့တန်ချိန် ၁၅၀ ခန့်သာ တင်ပို့နိုင်ခဲ့သော်လည်း ယခု ၂၀၁၈ ခုနှစ် တွင် တန်ချိန် ၃၀၀ ခန့် တိုးမြှင့်တင်ပို့ရန် ရည်မှန်းထားပြီး လက်ရှိအချိန်အထိ တန်ချိန် ၇၀ ခန့် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းထံမှ သိရ သည်။

ကော်ဖီကို မြန်မာနိုင်ငံအထက်ပိုင်း ဒေသများဖြစ်သည့် ရှမ်းပြည်နယ် ရွာငံ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် မိုးကုတ်မြို့နယ် တို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ဧကပေါင်း သုံးသောင်းကျော်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

* the Voice News

Thursday, June 21, 2018

Company registration online - DICA

မြန်မာနိုင်ငံကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအားလုံး သြဂုတ်လမှစတင်ကာအွန်လိုင်းမှတ်ပုံတင်စနစ် ပြုလုပ်ရမည်
မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ(၁၉၁၄)နှင့် (၁၉၅၀) အထူးကုမ္ပဏီ အက်ဥပဒေများဖြင့် မှတ်ပုံတင်ထားသည့် ကုမ္မဏီများ အားလုံး ယခုနှစ် သြဂုတ်လမှ စတင်ကာ (၆)လအတွင်း အွန်လိုင်း မှတ်ပုံတင်စနစ်ဖြင့် ပြန်လည် မှတ်ပုံရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

"မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇)ရဲ့အာဏာ စတည်တဲ့ အခုနှစ်(၈)လပိုင်းက စတင်ပြီး ကုမ္ပဏီတွေကို Electronic မှတ်ပုံတင်စနစ်နဲ့ ဆောင်ရွက်မှာပါ။ ဒါကြောင့် ကုမ္မဏီတွေ အနေနဲ့ အွန်လိုင်းစနစ် ပြောင်းလဲဖို့ လုပ်ဆောင်ရမှာ ဖြစ်ပြီး အခမဲ့ဆောင်ရွက်နိုင် မှာပါ" 
ဟု ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင် ပြုလုပ်ထားသော်လည်း အမှန်တကယ် အလုပ်လုပ်ခြင်းမရှိသည့် ကုမ္ပဏီများကို ပြန်လည် စိစစ်ရန်နှင့် ကုမ္ပဏီ မှတ်ပုံတင် လုပ်ငန်းများ လွယ်ကူမှု ရှိစေရန် အွန်လိုင်း မှတ်ပုံတင်စနစ်သို့ ပြောင်းလဲခြင်း ဖြစ်သည်ဟု သိရပါသည်။



ကုမ္ပဏီများအနေဖြင့် Myanmar Companies Online (MyCO) စနစ်ကို ပြောင်းလဲရာတွင် လိုအပ်သည့် အချက်အလက်များကို ထပ်မံ ကြေညာပေးသွားမည်ဖြစ်ပြီး သတ်မှတ်ထားသည့် ကာလ (၆)လအတွင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ကုမ္ပဏီအားလုံး (၂၀၁၉)ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် နောက်ဆုံးထား၍ (MyCO) စနစ်ကို ပြောင်းလဲရန် လိုအပ်ပြီး ယခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ (MyCO) စနစ်ဖြင့်သာ ကုမ္ပဏီလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။








Caterpillar, Volvo, Komatsu linked to mining abuses in Myanmar

မြန်မာ့ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်နှင့်ဆက်စပ်သော မတော်မတရားပြုမှုများတွင် နိုင်ငံတကာယန္တရားကုမ္ပဏီကြီးများ ဆက်စပ်နေဟု စစ်တမ်းတစ်ရပ် စွပ်စွဲဖော်ပြ




နိုင်ငံတကာ စက်ယန္တရားကုမ္ပဏီ ကြီးသုံးခုသည် မြန်မာနိုင်ငံရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ခွင်နှင့် ဆက်စပ်သော မတော်မ တရားပြုမှုများကို သွယ်ဝိုက်အားပေးနေကြောင်း စစ်တမ်းတစ်ရပ် က စွပ်စွဲဖော်ပြခဲ့သည်။
အလွန်အကျွံ ကျောက်စိမ်း တူးဖော်ထုတ်လုပ်ခြင်းနှင့် ဆက် စပ်ပြီး ဖားကန့်တွင် မြေယာသိမ်း ဆည်းမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမှု၊ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားမှုတို့အတွက် Caterpillar ၊ Volvo နှင့် Komatsu တို့က တာဝန်မကင်းသည့် ကဏ္ဍမျိုးတွင် ပါဝင်နေကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့အခြေစိုက် Swedwatch ရန်ပုံငွေအဖွဲ့က ဇွန်လ ၂၀ ရက်တွင် ကြေညာသည်။
အဆိုပါ ကုမ္ပဏီကြီး သုံးခု သည် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်စိမ်းတွင်းများတွင် အဓိ ကအကျဆုံး လုပ်ငန်းလည်ပတ်ရာ ယန္တရားအမှတ်တံဆိပ်များအ ဖြစ် ရပ်တည်နေကြောင်း Swed-watch က ဖော်ပြထားသည်။
လွန်ခဲ့သည့် ၁၅ နှစ်မျှအ တွင်း ဖားကန့်တွင် ကျောက်စိမ်း တူးဖော်မှုများနှင့်ဆက်စပ်၍ လူ ထောင်သောင်းချီမျှထိ ကိုယ်ပိုင်မြေနေရာများ သိမ်းဆည်းခံခဲ့ရ သလို မြေပြိုမှု၊ ရေကြီးမှုများ ကြောင့် နှစ်စဉ် လူရာနှင့်ချီသေဆုံး နေကြောင်း Swedwatch က ဆို သည်။
‘‘၂၀၀၀ ပြည့်လွန်နှစ်တွေက စလို့ မြန်မာနိုင်ငံမှာ စက်ယန္တရားကြီးတွေ သုံးစွဲပြီး သတ္တုထုတ်ယူမှုတွေက ခန့်မှန်းလို့ မရနိုင်လောက် အောင် မြန်ဆန်တဲ့ နှုန်းမျိုးနဲ့ မြင့်တက်လာနေပါတယ်’’ဟု အဆိုပါအဖွဲ့အစည်း၏ ထုတ်ပြန်ချက် တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ တက်လာသည့်နောက် ကျောက်မျက်ရတနာ တူးဖော် ထုတ်လုပ်မှုစံနှုန်းများကို ပိုမိုကြပ်မတ်လာသော်လည်း လက်တွေ့ တွင်မူ တူးဖော်မှုများ အရှိန် ကောင်းကောင်းနှင့် ဆက်လက် တည်မြဲနေဆဲဖြစ်သည်။
ကချင်ပြည်နယ်တွင် ၂၀၁၅ က ကျောက်စိမ်းမိုင်းတွင်း မြေပြို မှုတစ်ခုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ပြီးခဲ့သည့်လက လည်း မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၄ ဦးမျှ အသက် ဆုံးရှုံးခဲ့သေးသည်။
ဖားကန့် ဒေသခံများနှင့် ဆက်သွယ်၍ Swedwatch က စုံစမ်းမေးမြန်းရာ တရားမဝင် နည်းလမ်းများဖြင့် မြေယာသိမ်းယူခံရသူများ၊ မြေနေရာ ရောင်းချ ရန် ခြိမ်းခြောက်ဖိအားပေးခံရသူ အများအပြားရှိကြောင်း ဖော် ထုတ်တွေ့ရှိခဲ့သည်။ ရာနှင့်ချီ သော မိသားစုများသည် ၎င်းတို့ ၏ လယ်ယာမြေများ ဆုံးရှုံးခဲ့ရပြီး စိုက်ပျိုးရေးအတွက် အသုံးပြု သည့် ရေအရင်းအမြစ်ညစ်နွမ်းမှု များနှင့်လည်း ကြုံနေရသည်။
ဆွီဒင် ကုမ္ပဏီ Volvo က ကျောက်စိမ်းတူးဖော်မှုနှင့်ဆက် စပ်၍ မြန်မာဘက်မှ ယန္တရားဝယ်ယူသူများက မသင့်လျော်သည့် နည်းလမ်းဖြင့် အသုံးပြုခြင်း ရှိ၊ မရှိ စုံစမ်းနေကြောင်း Swedwatchသို့ ပြောကြားထားသည်။
အမေရိကန်တွင် အခြေစိုက်သည့် ကမ္ဘာ့အကြီးဆုံး စက်မှု ယန္တရားကုမ္ပဏီကြီး Caterpillar ကမူ Swedwatch ၏ ဖော်ထုတ် ရေးသားမှုနှင့်ပတ်သက်၍ သီးခြားမှတ်ချက်ပေး တုံ့ပြန်မှုမရှိသေး ချေ။  Komatsu ကမူ မြန်မာနိုင်ငံသို့ ယန္တရားတင်ပို့ ရောင်းချမှုများ အတွက် အနာဂတ်တွင် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများနှင့်ပတ် သက်၍ ကြပ်မတ်စဉ်းစားမည်ဟု ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ အ တွင်း ကျောက်စိမ်းထုတ်လုပ်မှု စီးပွားရေးလုပ်ငန်း၏ တန်ဖိုးသည် ဒေါ်လာ ၃၁ ဘီလီယံမျှရှိခဲ့ပြီး ဆယ်စုနှစ် တစ်ခုစာကာလတွင်မူ ဒေါ်လာ ၁၂၂ ဘီလီယံထိ ရှိနိုင် ကြောင်း Global Witness က ခန့်မှန်း ဖော်ပြထားသည်။
***
Ref: Reuters
https://www.reuters.com/article/us-myanmar-mining-rights/caterpillar-volvo-komatsu-linked-to-mining-abuses-in-myanmar-report-idUSKBN1JG0E3

Wednesday, June 20, 2018

YGN Airport - Railway Station shuttle bus

ရန်ကုန်လေဆိပ်မှ ဘူတာကြီးအထိ ပြေးဆွဲမည့် YBS အမြန်ယာဉ်လိုင်း ဇွန်လ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်


ရန်ကုန်လေဆိပ်မှ ဘူ တာကြီးအထိ ပြေးဆွဲမည့် YBS (Airport Shuttle) အမြန်ယာဉ် လိုင်းကို ဇွန်လ ၂၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ပြီး ယင်းနေ့ တွင် ခရီးသည်များကို အခမဲ့စီး နင်းခွင့်ပြုမည်ဟု Omni Focus ကုမ္ပဏီမန်နေဂျင်းဒါရိုက်တာဦး ထွန်းတောက်ဝင်းက ပြောသည်။

ရန်ကုန်လေဆိပ်မှ ပြည် လမ်း၊ ကမ္ဘာအေးဘုရားလမ်းအ တိုင်းမောင်းနှင်ပြီး ရန်ကုန်ဘူတာ ကြီးတွင် ဂိတ်ဆုံးမည့် YBS (Airport Shuttle) အမြန်ယာဉ်လိုင်း ယာဉ်စီးခကို ငါးရာကျပ်သတ်မှတ် ထားကြောင်း ၎င်းကဆိုသည်။
‘‘ခရီးသည်တွေကို ဗမာပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် ငါးရာကျပ်ပဲယူမှာပါ။ ယာဉ်စီးခ ကတော့ လျှော့တယ်၊ တိုးတယ် တော့မရှိပါဘူး’’ ဟု ၎င်းက ပြော ကြားသည်။
ပြည်တွင်း၊ပြည်ပခရီးသည် များ အများဆုံးသွားရောက်သည့် တန်ခိုးကြီးဘုရားများ၊ ဈေးဝယ် စင်တာ၊ ဟိုတယ်၊ ရုပ်ရှင်ရုံနေရာ များကို မှတ်တိုင်အဖြစ် သတ်မှတ် ထားကာ မှတ်တိုင် ၁၆ ခုတွင်သာ ခရီးသည်အတင်၊အချပြုလုပ်မည် ဟု ဦးထွန်းတောက်ဝင်းက ပြော သည်။ ခရီးဆောင်အိတ်များကို တန်ဆာခမယူဘဲ တင်ဆောင်ခွင့် ပြုပြီး သတ်မှတ်ထားသည့်မှတ် တိုင်များ၌သာ လူအတင်အချ ပြုလုပ်သဖြင့် ခရီးသည်များအနေ ဖြင့် အချိန်ကုန်သက်သာပြီး အ ဆင်ပြေပြေသွားလာနိုင်မည်ဟု ၎င်းကပြောသည်။
‘‘ယာဉ်မောင်းတွေအနေနဲ့ ၀န်ဆောင်မှု၊ ကားရဲ့သန့်ရှင်းရေး ကအစ ၀န်ဆောင်မှုနဲ့ပတ်သက် ပြီးတော့မှ ပြစ်ချက်မရှိအောင် လုပ်ဆောင်ထားတယ်။ အဲဒီအ တွက် ဝေဖန်မှုတစ်ခုခုရှိခဲ့ရင် လည်း အတတ်နိုင်ဆုံး၊အကောင်း ဆုံးဖြေရှင်းပေးသွားမှာပါ’’ ဟု ဦး ထွန်းတောက်ဝင်းက ပြောသည်။
YBS အမြန်ယာဉ်လိုင်းပြေး ဆွဲရာတွင် ကားအစီးရေ ၅၀ ဖြင့် ပြေးဆွဲရန် မူလကစီစဉ်ထားသော်လည်း ရပ်နားရန်နေရာအခက်အခဲရှိသဖြင့် အစီးရေ ၃၀ ဖြင့်စတင်ပြေးဆွဲမည်ဟု ၎င်းက ဆိုသည်။ 
7Day News

ISP competition

အင်တာနက် တိုက်ပွဲ



အဝိုင်းလေးလည်နေသည်ကို သည်းခံစောင့်ဆိုင်းခဲ့ကြဖူးသည်။

တစ်ဦးချင်းသုံး၊ အိမ်သုံး၊ စီးပွားရေးလုပ်ငန်းသုံး မြန်မာ့အင်တာနက်မြန်နှုန်းသည် မီးကျိုးမောင်းပျက်ဝန်ဆောင်မှုနှင့် နှစ်ပါးသွားခဲ့ရသည်။ တစ်ချိန်ကမူ မြန်မာတို့အတွက် ရွေးစရာသိပ်မရှိ။
မိုဘိုင်းဆက်သွယ်ရေးနှင့် မိုဘိုင်းအင်တာနက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) အပေါ်တွင် မှီခိုခဲ့ရပြီး အခြားအင်တာနက်ဝန်ဆောင်မှုများကိုလည်း လက်တစ်ဆုပ်စာလုပ်ငန်းများထံမှ ရယူသုံးစွဲခဲ့ရသည်။ ယင်းမှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကအခြေအနေဖြစ်သည်။
လက်ရှိတွင် ဆက်သွယ်ရေးကဏ္ဍသည် အရှိန်အဟုန်နှင့် တိုးတက်အသွင်ပြောင်းလာပြီ။
ကုမ္ပဏီတစ်ခုနှစ်ခု၏ ဈေးကွက်လက်ဝါးကြီးအုပ်မှုအောက်မှ လွှတ်မြောက်ခဲ့ပြီဖြစ်သည်။ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာလေးခုစလုံး ဈေးကွက်အတွင်းတက်စုံ၊ ရွက်စုံလွှင့်ဝင်ရောက်လာသလို အင်တာနက်ဝန်ဆောင်မှု ပေးသည့် ကုမ္ပဏီများ (Internet Service Provider ISP) များလည်း အပြိုင်အဆိုင် ခြေကုတ်ယူလာကြသည်။
“ရွေးချယ်စရာတွေ များလာတယ်။ ကျွန်တော်တို့က ကောင်းတဲ့ဟာကို ရွေးချယ်သုံးပိုင်ခွင့် ပြည်သူလူထုက ရလာတယ်။ ဒါက ကောင်းတယ်”ဟု မြန်မာအိုင်စီတီကဏ္ဍဖွံဖြိုးရေးပါဝင်သူလည်းဖြစ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးနေဘုန်းလတ်က ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၊ တယ်လီနော၊ အူရီဒူးနှင့် မိုင်တဲတို့သည် နိုင်ငံတစ်ဝန်းဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလိုင်စင်(Nationwide Telecommunication License) ရရှိသော လုပ်ငန်းများဖြစ်သည်။ ယင်းကုမ္ပဏီများသည် ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်ဒေတာဝန်ဆောင်မှုပေးခြင်း စသည့်ဆက်သွယ်ရေးနှင့် ပတ်သက်သောဝန်ဆောင်မှု အားလုံးပေးနိုင်သည်။
အင်တာနက်ဝန်ဆောင်မှုပေးသောလုပ်ငန်း (ISP) များသည် အင်တာနက်ဒေတာသီးသန့်ဝန်ဆောင်မှု ပေးသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ပေါင်း ၁၄၆ ခုထုတ်ပေးထားသည်။
ဦးမော့လာသော ISP ဒေတာ
ယင်းလုပ်ငန်းလိုင်စင်များထဲတွင် အင်တာနက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းISP လိုင်စင်ပေါင်း ၇၀ ကျော် ခွင့်ပြုထားသည်။ မကြာသေးမီက မိတ်ဆက်ခဲ့သည့် အနန္တအပါအဝင် မြန်မာနက်ခ်နှင့် 5 BB တို့သည် ISP များ ဖြစ်သည်။
ယင်း ISP လုပ်ငန်းများသည် နောက်ဆုံးပေါ် နည်းပညာသစ်များဖြင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုများ ပေးရန် သူ့ထက်ငါအပြိုင်ဆိုင် အားထုတ်လာကြသည်။ မေလ ၂၅ ရက်တွင် အကန့်အသတ်မဲ့ 4G အင်တာနက်ကို မိတ်ဆက်လိုက်ပြီး ရန်ကုန်တိုင်းဒေသကြီးမြို့နယ် ၂၅ ခုတွင် စတင်ဝန်ဆောင်မှုပေးသည်။
အနန္တသည် 4G+ ကွန်ရက်တည်ဆောက်ထားပြီး Mifi စက်တစ်ခု၊ 4G+ ဆင်းကတ်နှင့် ချိတ်ဆက်၍ ဒေတာ သုံးစွဲနိုင်မည် ဖြစ်သည်။ စုစုပေါင်း ၃၅၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး ဒေတာအကန့်အသတ်မဲ့သုံးနိုင်သည်။
“Connection က နေရာပေါ်မှာမူတည်တယ်။ တချို့နေရာတွေမှာ အရမ်းကောင်းတယ်။ တချို့နေရာတွေမှာ Stable(တည်ငြိမ်မှု) မဖြစ်ဘူး။ တော်တော်လေးအဆင်မပြေတဲ့နေရာတွေလည်း ရှိတယ်။ နောက်ထွက်လာခဲ့တဲ့ အင်တာနက်တွေထဲမှာတော့ သိပ်မဆိုးဘူး” ဟု ရန်ကုန်မြို့မှ အနန္တ အင်တာနက်သုံးစွဲသူတစ်ဦးက ဆိုသည်။
အနန္တသည် လျှပ်စစ်စွမ်းအင်၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများလုပ်ကိုင်သော IGE လုပ်ငန်းစုအောက်ရှိ Amara Communication ကုမ္ပဏီလီမိတက်က ပိုင်ဆိုင်သည်။
၂၀၁၆ ခုနှစ်အတွင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက 4G အထောက်အပံ့ပေးနိုင်သည့် 2600 MHz လှိုင်းနှုန်းစဉ် လေလံပစ်ရာတွင် Amara Communication ကုမ္ပဏီက ဒေသနှစ်ခုအတွက် အင်တာနက် ဝန်ဆောင်မှုပေးရန် တင်ဒါအောင်မြင်ခဲ့သည်။
ဒေသ(၂) ရန်ကုန်၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်၊ ဒေသ(၃) မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်နှင့် ကယား ပြည်နယ်တို့တွင် အင်တာနက်ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့ပြီးပါက ဒုတိယအဆင့်တွင် အခြားမြို့များသို့ ကွန်ရက်ဖြန့်ကြက်မည်ဖြစ်ကြောင်း IGE လုပ်ငန်းစု၏ ဥက္ကဋ္ဌ ဦးနေအောင်က ဆိုသည်။
“စွမ်းဆောင်ရည်ကတော့ အခုဈေးကွက်ထဲမရှိတဲ့ Speed ပေးပါမယ်။ နောက်ပြီးတော့ Unlimited ပေးပါမယ်။ ဈေးနှုန်းသက်သက်သက်သာသာ ပေးပါမယ်” ဟု အနန္တတရားဝင်မိတ်ဆက်ပွဲတွင် ၎င်းက ပြောဆိုသည်။
လူဦးရေ ၅၂ သန်းကျော် မြန်မာဈေးကွက်သည် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအတွက် မျက်စေ့ကျစရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှုနှုန်းသည် အာဆီယံဒေသတွင်း၌ အနိမ့်ဆုံးရှိနေခြင်းကြောင့် ဖြစ်သည်။
လန်ဒန်အခြေစိုက် We are Social ကုမ္ပဏီ၏ လေ့လာမှုအရ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲသူ ၁၇ သန်းခန့်ရှိကြောင်း ဖော်ပြထားသည်။ တိုင်းပြည်စုစုပေါင်းလူဦးရေ၏ ၂၆ ရာခိုင်နှုန်းကျော်ဖြစ်ပြီး အိမ်နီးချင်းလာအိုနိုင်ငံနှင့် တူညီသည်။
ကမ္ဘောဒီးယားတွင် အင်တာနက်သုံးသူပေါင်း နိုင်ငံ့လူဦးရေ၏ ၄၅ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံသည် ၆၇ ရာခိုင်နှုန်း ရှိသည်။ သို့သော် မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲနှုန်းမှာ အလျင်အမြန်တိုးတက်နေပြီး မိုဘိုင်းဖုန်း အင်တာနက်နှင့် အဓိကချိတ်ဆက်ကြသည်။
လက်ပ်တော့ကွန်ပျူတာနှင့် ချိတ်ဆက်မှုလည်း တိုးတက်လာကြောင်း We are social အဖွဲ့က ဖော်ပြထားသည်။ ယင်းမှာ ISP များအတွက် အခွင့်အလမ်းဖြစ်ပြီး မြန်မာ့အင်တာနက်ဝန်ဆောင်မှုကဏ္ဍအတွက် ပါရာဒိုင်းတစ်ခု ဖြစ်ကြောင်း BIZLAW Consult Myanmar ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းတေဇညွန့်တင်က ပြောကြားသည်။
“၂၆၀၀ MHz ကိုယူထားတဲ့ အနန္တလိုဟာမျိုး၊ မိုင်တဲလိုဟာမျိုး National Resources တွေကို တိတိကျကျ သေသေချာချာအသုံးချမယ့်လုပ်ငန်းတွေ ပေါ်လာတော့ Paradigm (အရွေ့) ဖြစ်မယ့်နေရာကို ရောက်လာပြီလို့ ပြောလို့ရတယ်” ဟု ၎င်းက ဆိုသည်။
*
တစ်ချိန်ထဲတွင် ဈေးနှုန်းနှင့် အရည်အသွေးကို အာမခံချက်မပေးနိုင်သော လုပ်ငန်းများသည် ဈေးကွက်အတွင်း ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိဈေးကွက်ထဲတွင် ဖိုက်ဘာအင်တာနက်လိုင်းကို Fourtune ၊ MPT ၊ Welink ၊ 5 BB Broadbans ၊ Unilink၊ Myanmar Speednet ၊ TrueNet ၊ ရတနာပုံတယ်လီပို့နှင့် တယ်လီနောတို့က ဝန်ဆောင်မှုပေးနေပြီး ဈေးနှုန်းများ အပြန်အဆိုင်လျှော့ချလာကြသည်။
Fortune သည် ၂၀၁၇ ခုနှစ်နှစ်ကုန်ပိုင်းအထိ ဖိုက်ဘာအင်တာနက် 4 Mbps လျှင် ၁၃၅၀၀၀ ကျပ် ဈေးပေးရသော်လည်း လက်ရှိဝယ်ယူပါက ကျပ် ၆၀၀၀၀ ခန့်သာ ပေးရတော့မည်။ ယင်းနှုန်းထားသည် ထက်ဝက်ကျော်ဈေးချလာခြင်းဖြစ်ကြောင်း ဖိုက်ဘာအင်တာနက်သုံးစွဲသူများထံမှ သိရသည်။
*
Mbps ဆိုသည်ကား တစ်စက္ကန့်လျှင် လုပ်နိုင်စွမ်းရှိသည့် အင်တာနက်အမြန်နှုန်း(Data Transfer Speed) ပင် ဖြစ်သည်။
ရတနာပုံတယ်လီပို့သည် 4 Mbps လျှင် ၁၈၉၀၀၀ ကျပ်ဈေးရှိခဲ့ပြီး လက်ရှိတွင် ၇၅၆၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ Wifi အင်တာနက်ဝန်ဆောင်မှုများအဖြစ် မြန်မာနက်ခ်နှင့် AGB တို့က ဝန်ဆောင်မှု ပေးထားပြီး 4G LTE ကို အနန္တက ပေးသည်။
ယင်းထဲတွင် အနန္တသည် ဈေးအချိုဆုံးဖြစ်ပြီး 20 Mbps လျှင် ၃၅၀၀၀ ကျပ်သာ ရှိသည်။ မြန်မာနက် Wifi Hotspot အင်တာနက် 20 Mbps သည် ကျပ်နှစ်သိန်းဝန်းကျင်ကျသင့်ကြောင်း အင်တာနက်ဝန်ဆောင်မှုများအကြောင်း အထူးပြုရေးသားသည့် internetmyanmar.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ယင်းသို့ဈေးနှုန်းများ အပြိုင်လျော့ချလာမှုကို အထွတ်အထိပ်သို့ ရောက်ရှိစေသော အကြောင်းရင်းတစ်ခုလည်း ရှိသည်။
မိုဘိုင်းဒေတာ
ဆက်သွယ်ရေးဈေးကွက်ထဲသို့ မိုင်တဲဝင်ရောက်လာခြင်းသည် မိုဘိုင်းဆက်သွယ်ရေးဈေးကွက်အတွင်း အပြင်းထန်ဆုံးယှဉ်ပြိုင်ကြရန် တပ်လှန့်လိုက်ခြင်းပင်ဖြစ်သည်။
“ဒီပြိုင်ဆိုင်မှုတွေကို တွန့်ဆုတ်နေလို့တော့ မရဘူး။ ရင်ဆိုင်ပြီးတော့ သွားရမှာ။ ပြိုင်ဆိုင်တဲ့နေရာမှာ Fair Play ပေါ့။ သန့်ရှင်းစွာယှဉ်ပြိုင်ဖို့ အရေးကြီးပါတယ်” ဟု MPT KSGM အကျိုးတူပူးပေါင်းဆောင်ရွက်မှု စီးပွားရေးဌာန ဒုတိယအရာရှိချုပ် ဦးသိန်းဟုတ်က ပြောကြားသည်။
MPT သည် နည်ပညာသစ်များနှင့် နိုင်ငံအဝန်းကွန်ရက်ဖြန့်ကြက်ပြီး ဝန်ထမ်းစုစုပေါင်းရှစ်ထောင်ကျော်နှင့် ဝန်ဆောင်မှုများပေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အင်တာနက်ဒေတာအတွက် အရေးပါးဆုံး 4G LTE+ ကွန်ရက်ကို ၂၀၁၈ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၂၈၀ အထိ ဖြန့်ကြက်ရန် စီစဉ်ထားသည်။
MPT ၏ 4G LTE+ ကွန်ရက်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင် စတင်ဝန်ဆောင်မှုပေးခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်ပေါင်း ၁၀၀ ကျော်တွင် ဖြန့်ကြက်ထားသည်။
အော်ရီဒူးနှင့် တယ်လီနောတို့သည်လည်း 4G ကွန်ရက်များကို ချဲ့ထွင်လျက်ရှိသည်။
သွားရည်ကျစရာ ဆက်သွယ်ရေးဈေးကွက်ထဲအတွင်း နောက်ဆုံးမှဝင်ရောက်လာသော အော်ပရေတာမှာ မိုင်တဲလ်ဖြစ်သည်။
မိုင်တဲလ်ကို ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ နေပြည်တော်၊ ပဲခူးတိုင်းအရှေ့ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိတ်ဆက်ခဲ့သည်။ ဇွန်လ ၉ ရက်တွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် တစ်နိုင်ငံလုံးသို့ ဖြန့်ကြက်ခဲ့ပြီ ဖြစ်သည်။
ကွန်ရက်အရည်အသွေး၊ နည်းပညာအသုံးပြုမှု၊ ဈေးနှုန်း အချက်သုံးချက်နှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်မည်ဖြစ်ကြောင်း Mytel ၏ Chief External Relation Officer ဦးဇော်မင်းဦးက ပြောကြားသည်။
အင်တာနက်ဒေတာအတွက် 4G အထောက်အပံ့ပေးပြီး ဖုန်းခေါ်ဆိုမှုအတွက် 2G ဖြစ်သည်။ တစ်နိုင်ငံလုံးသို့ ဝန်ဆောင်မှုပေးရာတွင် မိုင်တဲ၏အင်တာနက်ဝန်ဆောင်ခနှုန်းထားသည် အနည်းဆုံးဖြစ်ပြီး တစ်မဂ္ဂါဘိုက်လျှင် ၃ ကျပ် ဖြစ်သည်။
အင်တာနက်ဒေတာအသုံးပြုခမှာ အူရီဒူးနှင့် တယ်လီနောသည် တစ်မဂ္ဂါဘိုက် ၈ ကျပ်ဖြစ်ပြီး MPT မှာ ၁၀ ကျပ် ဖြစ်သည်။ သို့သော် အရောင်းမြင့်တင်ရေးအစီအစဉ်(Promotion Package) များ ဝယ်ပါက တစ်မဂ္ဂါဘိုက်လျှင် ၅ ကျပ်အထိ လျှော့ချထားသည်။
ဈေးကွက်အတွင်း မိုင်တဲလ်ဝင်ရောက်လာမှုသည် အခြားသော ဆက်သွယ်ရေးအော်ပရေတာများကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။
“အခုချိန်မှာ Promotion ကာလတွေမို့ ချနေကြတာပဲ။ Promotion မို့ချတာနဲ့တော့ မလုံလောက်ဘူး။ ပုံမှန် သွားနေတဲ့ ဈေးနှုန်းက အားလုံးသုံးနိုင်တဲ့ဟာ ဖြစ်ရမယ်။ လိုင်းဆွဲအားတွေကဆိုရင် တကယ့်ကို International Standard ဖြစ်ဖို့ လိုတာပေါ့” ဟု ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုသည်။
ခေတ်သည် မြန်သည်။ ပြောင်းသည်။ အင်တာနက်သည် ယနေ့ခေတ်အတွက် လျှပ်စစ်နှင့်အတူ မရှိမဖြစ် သဘောဆောင်လာသည်။ သတင်းအချက်အလက်ရယူရန်၊ ပညာသင်ရန်၊ ပိုက်ဆံရှာရန် စသည့် ကိစ္စမျိုးစုံအတွက် အသုံးဝင်လာသည်။
မိုင်တဲလ်မဝင်မီကမူ ဤမျှအကျိုးရှိသော အင်တာနက်ကို သုံးစွဲရေးအတွက် Browser ဖြင့် သုံးစွဲပါက အင်တာနက်ဖိုးက မနည်းကုန်ကျသည်။ ဆက်သွယ်ရေး အော်ပရေတာအချင်းချင်း ညီညွတ်ကြ၍ သုံးစွဲသူများအတွက် အင်တာနက်အသုံးပြုခမှာ အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် များနေသည့် အခြေအနေဖြစ်သည်။
ဆက်သွယ်ရေးအော်ပရေတာများထံမှ ဈေးပေါပေါနှင့် လွယ်လွယ်သုံးရသည်က Facebook ၊ Messengerနှင့် Viber တို့သာ။ မိုင်တဲလ်ဝင်လာပြီးနောက် အခြေအနေက ပြောင်းစပြုလာသည်။
ယှဉ်ပြိုင်မှုမြင့်မားလာခြင်းကြောင့် အင်တာနက်သုံးစွဲခနှုန်းထားလျော့ကျလာသည်ကမူ သုံးစွဲသူများအတွက် သတင်းကောင်းပင်။
သို့သော်လည်း ဈေးနှုန်းတစ်ခုတည်းနှင့်မပြီး။ ဝန်ဆောင်မှုကောင်းဖို့လည်း လိုလာသည်။ အဝိုင်းလည်နေသည်ကို မည်သူမျှ ကြည့်မနေချင်တော့။ အရည်အသွေးကို အာမမခံနိုင်လျှင်မူ ဈေးကွက်အတွင်း မည်သည့်ကုမ္ပဏီမျှ ရှင်သန်နိုင်မည်မဟုတ်ကြောင်း ဦးမင်းတေဇညွန့်တင်က ယခုလိုဆိုသည်။
“လုပ်ပေးမယ်ပြောပြီး မရနိုင်တဲ့ဟာမျိုးတွေက အချိန်တန်ရင် သူ့ဟာသူ မှေးမှိန်ပျောက်ကွယ်သွားမှာပဲ”

the Voice news



Tuesday, June 19, 2018

Crickets in all seasons


သုံးရာသီ ပုရစ် (the Voice News ဆောင်းပါး)
ဆူညံလှသည့် အော်သံများကြောင့် (ရဂုံ) တောစပ်အလား ထင်မှတ်မှားနိုင်သည်။ ထိုဆူဆူညံညံ အသံများက အလျား ရှစ်ပေ၊အနံ လေးပေကန်ငယ်လေးအတွင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည်။

ထိုကန်ထဲတွင် ဟိုသည်ပြေးလွှားနေသည့် Insect (အင်းဆက်အုပ်စုဝင်) မည်းမည်း ပိုးကောင်ငယ်များ ဖြစ်သည့် ပုရစ်များပင်။
ယင်းနေရာမှာ တွံတေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက်တွင်ရှိ ဦးမျိုးမြင့်ဗိုလ်၏ ပုရစ်မွေးမြူရေးခြံ ဖြစ်သည်။ အင်းဆက်အနွယ်ဝင် ပုရစ်ကို စီးပွားဖြစ်မွေးမြူရန် အချိန် ၂ နှစ်နီးပါး ကြိုးစားခဲ့ရပြီး ယခုအခါ ပုရစ်ကောင်ရေ သောင်းနှင့်ချီစမ်းသပ်မွေးမြူနိုင်ခဲ့ပြီ ဖြစ်သည်။
“သိထားတာ တော်တော်ကြာနေပြီ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက YouTube ကြည့်ရင်းနဲ့ပေါ့။ ထိုင်းမှာ ပုရစ်တွေ မွေးနေတာတွေ့တယ်။ ခက်တာက မျိုးမရဘူး”ဟု ပုရစ်စမ်းသပ်မွေးမြူသူ ဦးမျိုးမြင့်ဗိုလ်က ဆိုသည်။
ပြည်တွင်းမျိုးရင်းဖြစ်သည့် အညိုရင့်ရောင် ပုရစ်ကြီးမျိုးကို မွေးမြူရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။ အကြောင်းက ပုရစ်မျိုးဥ ရရှိရန် ခက်ခဲခြင်း၊ အရှင်ဖမ်းမိသော ပုရစ်များက မွေးမြူ၍ မရဘဲ သေဆုံးသွားသည့်အတွက်ကြောင့်ပင်။
ဦးမျိုးမြင့်ဗိုလ်၏ စီးပွားဖြစ် ပုရစ်မွေးမြူရေး အိပ်မက်သည် မှေးမှိန်မသွား။ IT ခေတ်၏ နည်းပညာအကူအညီဖြင့် နေ့စဉ် အင်တာနက်စာမျက်နှာများတွင် ရှာပုံတော်ဖွင့်နေခဲ့သည်။
၂ နှစ်ခန့် ရှာပုံတော်ဖွင့်ပြီးနောက် ပြီးခဲ့သည့် ဧပြီလတွင်ထိုင်းနိုင်ငံရှိ ပုရစ်မွေးမြူသူများနှင့် Facebook မှတစ်ဆင့် အဆက်အသွယ်ရရှိခဲ့ပြီး ထိုင်းနိုင်ငံတွင် မွေးမြူနေသည့် အမေရိကန်မျိုး ပုရစ်ဥများကို နယ်စပ်မှတစ်ဆင့် ဝယ်ယူနိုင်ခဲ့သည်။
တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းဟု ဆိုသည်နှင့် မြန်မာနိုင်ငံတွင် တွေးမြင်မိသည်က ကြက်၊ ဝက်နှင့် နွားတို့ပင်။ ပြည်တွင်းတွင် ပုရစ်ကို မွေးမြူရေးလုပ်မည်ဆိုပါက အံ့ဩသွားကြမည်သာ။ ပုရစ်များသည် သဘာဝအလျောက် ထွက်ရှိသည့် ရာသီစာ ဖြစ်သည့်အတွက်ကြောင့်ပင်။
သို့သော် ကမ္ဘာရွာကြီးတွင်တော့ ပုရစ်မွေးမြူခြင်းမှာ အထူးအဆန်း မဟုတ်။ ဝါးပိုး၊ ပုရစ်၊ ဘီလား၊ နှံကောင်နှင့် သစ်ပိုး စသည့် အင်းဆက်များကို စီးပွားဖြစ်မွေးမြူနေကြသည်။ ပြည်တွင်း၌ လူကြိုက်များသည့် ရာသီစာဖြစ်သည့် ပုရစ်သည် အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် စီးပွားဖြစ်မွေးမြူကြသည်။
ထိုင်းနိုင်ငံတွင် ပုရစ်မွေးမြူရေးကို ၁၉၉၈ ခုနှစ်ခန့်ကတည်းက စတင်ခဲ့ပြီး ထိုင်းနိုင်ငံတွင် ပုရစ်မွေးမြူသူ နှစ်သောင်းကျော်ရှိကာ တစ်နှစ်လျှင် ပုရစ်တန်ချိန် ၇၅၀၀ ခန့်ထုတ်လုပ်နေကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ပုရစ်စစ်တမ်းတွင် ဖော်ပြသည်။
အိမ်နီးချင်းနိုင်ငံများတွင် စီးပွားဖြစ်မွေးမြူနေသော်လည်း ပြည်တွင်းတွင် အစပြုရသည့် အခြေအနေသာ ရှိသေးသည်။ အဖွဲ့ဝင် တစ်ရာ့သုံးဆယ်ကျော် ပါဝင်သည့် ပုရစ်မွေးမြူကြသူများ Facebook Page နှင့် စမ်းသပ်မွေးမြူသူအချို့မြေစမ်း ခရမ်းပျိုးနေဆဲဖြစ်သည်။
နိုင်ငံတကာရှိ ပုရစ်ခြံ၏ အဓိကထုတ်ကုန်မှာ ပုရစ်အကောင်ဖြစ်ပြီး ပုရစ်ချေး(သဘာဝမြေဩဇာ)၊ ပုရစ်ဥဗန်း (ပုရစ်မျိုး) တို့ကိုလည်း ထုတ်လုပ်သည်။
ပုရစ် ၁၀၀ ဂရမ်တွင် ပရိုတင်းဓာတ်(အသားဓာတ်) ပါဝင်မှု ၆၉ ရာခိုင်နှုန်းအထိ ပါဝင်ပြီး အခြားကြက်သား၊ ဝတ်သားနှင့် အမဲသားတို့ထက် ပရိုတင်းဓာတ် ထက်ဝက်ကျော် ပိုမိုရရှိသည့် အစားအစာဖြစ်ကြောင်း ၂၀၁၃ခုနှစ်တွင် ထုတ်ပြန်သည့် FAO ၏ ပုရစ်စစ်တမ်းတွင် ဖော်ပြသည်။
နိုင်ငံတကာတွင် ပုရစ်ကို အကောင်လိုက်ကြော်စားခြင်းအပြင် ပုရစ်မှုန့်(ပုရစ်ပေါင်ဒါ) အဖြစ်ထုတ်လုပ်၍ ဘီစကစ်၊ ကွတ်ကီးများတွင် ထည့်သွင်းထုတ်လုပ်ခြင်း၊ ပုရစ်မှုန့်ကို အစားအသောက်များတွင် ဖြူးစားခြင်းများရှိကြကာ ပရိုတင်းဓာတ်ကြွယ်ဝပြီး အရသာရှိသည့်အတွက် ပုရစ်သည် ဈေးကွက်ဝင် အင်းဆက်ဖြစ်လာသည်။
ပုရစ်ကို နည်းလမ်းလေးသွယ်ဖြင့် မွေးမြူနိုင်သည်။ ကွန်ကရစ်ဝိုင်း (ကွန်ကရစ်ရေစည်)၊ အလျား ရှစ်ပေ အနံ လေးပေ အမြင့် နှစ်ပေ ပုံစံတည်ဆောက်ထားသည့် ကွန်ကရစ်ကန်များဖြင့် မွေးနိုင်သည်။ ကွန်ကရစ်ကန်က နေရာကျဉ်းကျဉ်းတွင် အကောင်ရေများများ မွေးနိုင်သည့်အတွက် စီးပွားဖြစ်မွေးမြူသူများ အကြိုက်ဖြစ်သည်။
ကွန်ကရစ်ကန်အစား စရိတ်ချွေတာသည့်အနေနှင့် အထပ်သားနှင့် မျက်နှာကြက်ကျောက်ပြားတို့ဖြင့် ကန်ပြုလုပ်၍ မွေးမြူနိုင်သည်။ နေရာမရှိသူများက ပလတ်စတစ်အံဆွဲကန်ဖြင့် မွေးနိုင်သည်။ ထိုကန်ထဲတွင် ပုရစ်များခိုအောင်းနိုင်ရန် ကြက်ဥထည့်သည့် စက္ကူကပ်များကိုစီထည့်၍ မွေးမြူကြခြင်းဖြစ်သည်။
ပုရစ်၏ သဘာဝအရ ပရိုတင်းဓာတ် ပေါကြွယ်ဝသည့် အစားအစာဖြစ်သည့်အတွက် အစာကျွေးရာတွင်လည်း ပရိုတင်းဓာတ်ပါဝင်မှုများသည့် အစားအစာများကိုကျွေးရန်လိုအပ်ကြောင်း မွေးမြူသူများထံမှ သိရသည်။
ပြည်တွင်း ပုရစ်ဈေးကွက်သည် ရာသီပေါ်ပုရစ်ကို ကြော်၍ ရောင်းချခြင်းတစ်ခုသာရှိသော်လည်း စားသုံးသူများသည့် ဈေးကွက်ကြီးတစ်ခု ဖြစ်သည်။
အွန်လိုင်းရှော့ခ်ပင်းများ ခေတ်စားခြင်းနှင့်အတူ ပုရစ်ကြော်သည်လည်း အဆင့်မြင့်လာသည်။ ယခင်က ပုရစ်ကို အကောင်လိုက် ရိုးရိုးကြော်ရောင်းရာမှ ခြေထောက်၊ အတောင်သန့်စင်ပြီး ကြိုက်နှစ်သက်ရာ အချို၊ အစပ် ကြက်သွန်ဖြူ၊ မြေပဲနှင့် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ကြော်လာကြသည်။
ဈေးနှုန်းအားဖြင့်လည်း ပုရစ် အကောင်တစ်ရာ၊ ငါးဆယ် ဆိုလျှင် ကျပ်တစ်သောင်းကျော်သည်အထိ ဈေးရှိသည်။ ပုရစ် ရာသီအလိုက်အကောင်အကြီးအသေးနှင့် ဈေးနှုန်း မပြောင်းလဲဘဲရှိနေပြီး မိုးနှင့် ဆောင်းတွင်သာ ရရှိသည့် အစားအစာဖြစ်သည့်အတွက် ရှားပါးစာလည်းဖြစ်သည်။
ပုရစ်ရာသီမကုန်မီ ပုရစ်ကြော် မဖြစ်မနေစားမည်ဆိုသည့် သာကေတမြို့နယ်တွင် နေထိုင်သည့် မယွန်းစန္ဒီကမူ ပုရစ်ကြော်ရောင်းချသူများသော်လည်း အရသာ၊ ဈေးနှုန်းကွာခြားချက်များ ရှိသည့်အတွက် သေချာ စိစစ်ရွေးဝယ်ရကြောင်း ရှင်းပြသည်။
“အွန်လိုင်းက ဝယ်စားတယ် ပုရစ်ကို။ အပြင်ကဆို မလတ်တာများတယ် အရသာမကောင်းဘူး။ အိမ်မှာ ကြော်ပြီး ပြန်ရောင်းတာ မွှေးတယ်။ အရသာ ကောင်းတယ်။ ဈေးလည်း ကြီးတယ်လေ” ဟု ၎င်းက ပြောဆိုသည်။
တန်ဖိုးမြင့်ပုရစ်ကြော်များ ခေတ်စားလာသည့်တိုင် သမားရိုးကျ ပုရစ်အကောင်လိုက်ကြော် ရောင်းချသည့် လမ်းဘေးဈေးသည်များကိုလည်း ရန်ကုန်မြို့လယ်တွင် နေရာမရွေးတွေ့နိုင်သည်။
ပုရစ်သည် မြန်မာ့အကြိုက် ရာသီစာဖြစ်သည်နှင့်အညီ ဈေးကွက်လိုအပ်ချက်ကြီးမားသည့်အလျောက် မိရိုးဖလာ ဖမ်းဆီးခြင်းများအပြင် ပုရစ်လာ မီးဖြင့်ဖမ်းခြင်း၊ အဆိပ်ချဖမ်းခြင်းများ ရှိလာသည်။
မည်သည့်နည်းဖြင့် ဖမ်းသည်ကို တိတိပပ မသိသော်လည်း ပုရစ်ကြိုက်သူများက ရာသီပေါ်စာ ပုရစ်ကို ခုံမင်စွာ စားသောက်နေကြဆဲ။
ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်း ခုံးကျော်တံတားအောက်တွင် ပုရစ်ကြော်ရောင်းချနေသည့် အသက် ၅၀ အရွယ် ဒေါ်ကုလားမ၏ တစ်ရက် ပုရစ်ကြော်ရောင်းရငွေမှာ ကျပ်သုံးသောင်းဝန်းကျင် ရှိသည်။
“ဆေးချဖမ်းတာတွေတော့ မဟုတ်ပါဘူးနော်” ဟု ပုရစ်ကြော်လာဝယ်သည့် အမျိုးသမီးတစ်ဦးက မေးခွန်းထုတ်ပြီး ပုရစ်များကို ရွေးနေသည်။
ဒေါ်ကုလားမသည် ရာသီပေါ်အစားအသောက်ဖြစ်သော ပုရစ်ကြော်ကို ရောင်းချသည့် သက်တမ်းငါးနှစ်ကျော်ရှိသူဖြစ်ပြီး ၎င်း ရောင်းချသည့် ပုရစ်များက ဆေးဖြင့်ဖမ်းခြင်း မဟုတ်ဟုလည်း ပြောဆိုသည်။
“ပုရစ်ရောင်းတဲ့သူတွေက ပိုတောင်စားဖြစ်သေးတယ်။ ဆေးနဲ့ ဆိုတာ မဟုတ်ပါဘူး အစ်မရယ်”ဟု ဝယ်သူများ ရွေးသည့်အတွက် ပြန့်ကျဲနေသည့် ပုရစ်ကြော်ဗန်းကို ပြန်စီရင် ဒေါ်ကုလားမက ဆိုသည်။
တစ်ထောင်ဖိုး ၁၂ ကောင်ဖြင့် ရောင်းသော ပုရစ်ကြော်ကို ၁၃ ကောင်ဖြင့် ရောင်းသူဝယ်သူ ဈေးတည့်သွားသည်။
အဆိပ်ချ(ဆေးချ) ဖမ်းခြင်းမဟုတ်ဟု ဆိုသော်လည်း ၎င်းရောင်းချသည့် ပုရစ်များကို ကိုယ်တိုင်ကြော်ခြင်း မဟုတ်။ ဝေါမြို့ပုရစ်ဒိုင်က ကြော်ပြီးသားကို ခေါက်ပြန်ကြေးယူ၍ ရောင်းချသူဖြစ်သည်။
ရန်ကုန်မြို့လယ်တွင် ရောင်းချနေသာ ပုရစ်ကြော်သည် အများစုက ရန်ကုန်ဘူတာကြီး ဝန်ထမ်းအိမ်ရာဝင်းတွင် နေထိုင်သူအများစုဖြစ်ပြီး ပုရစ်ရာသီရောက်သည်နှင့် ပုရစ်လှိုင်လှိုင်ထွက်ရာ ပဲခူး၊ မန္တလေးတို့မှ အသင့်ကြော်ပြီးသား ပုရစ်များကို ရန်ကုန်ဘူတာကြီးအရောက် ခေါက်ပြန်ကြေးယူ၍ ရောင်းချခြင်းဖြစ်ကြောင်း အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် ပုရစ်ကြော်ရောင်းချသူ ဦးကျော်သန်းက ဆိုသည်။
ဦးကျော်သန်းသည် ရန်ကုန်ဘူတာကြီး ဝန်ထမ်းအိမ်ရာဝင်းတွင် နေထိုင်သူဖြစ်ပြီး ရာသီပေါ် ပုရစ်ကြော်ရောင်းချခြင်းကို ရှစ်နှစ်နီးပါး လုပ်ကိုင်သူဖြစ်သည်။
“မွေးမြူရေးလားဘာလားတော့ မသိဘူး။ ဒီကပဲ(ရန်ကုန်ဘူတာကြီး) ယူရောင်းတာ။ ဝယ်ရင် ဈေး ၆၀(ကျပ်) ။ ဈေးကျသွားတာ။ အရင်က ၁၀၀ လောက် ရှိတယ်။ မန္တလေးဘက်က လာတာ။ ဖမ်းတာ မမြင်ဖူးဘူး။ မသိဘူး။ ရောင်းသာ ရောင်းနေတာ”ဟု ဦးကျော်သန်းက ရှင်းပြသည်။
ပုရစ်များကို ကုက္ကိုသီး အမှည့်တွင် ပိုးသတ်ဆေးထည့်၍ ဖမ်းခြင်းမျိုး ကြားဖူးပြီး ထိုနည်းသုံး၍ ဖမ်းခြင်း မဖမ်းခြင်းကိုမူ တိတိပပ ပြောပြနိုင်ခြင်းမရှိကြောင်း ဗဟန်းမြို့နယ်ရှိ သက်မေ ရန်ကုန်ပုရစ်ကြော် လုပ်ငန်းလုပ်ကိုင်သူ မမေကပြောဆိုသည်။
ပုရစ်အစိမ်းဈေးကွက်တွင် မလတ်ဆတ်ခြင်းကြောင့် အရောင်မလှတော့သည့် ပုရစ်ကို ချွတ်ဆေးသုံး၍ ဖြူအောင်လုပ်ခြင်း၊ ကျောက်ချဉ်စိမ်ခြင်းများ ရှိသည့်အတွက် သေချာစိစစ် ရွေးဝယ်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ပုရစ်များသည် ပိုးသတ်ဆေးကြောက်သည့် အင်းဆက်ဖြစ်သည့်အလျောက် ပိုးသတ်ဆေးချ ဖမ်းခြင်းထက် ပုရစ်ကျသည့် ရာသီတွင် မီးရောင်ဖြင့် ပိတ်ကားများ ထောင်ဖမ်းခြင်းဖြစ်ကြောင်း မမေက ရှင်းပြသည်။
ပုရစ်ကျသည့် ရာသီတွင် တောင်ပုံရာပုံပုရစ်များ ဖမ်းမိသော်လည်း ပုရစ်အကောင် တစ်သိန်းတွင် အွန်လိုင်းတွင် ရောင်းချရန် တန်းဝင်သည့် ပုရစ် အကောင်တစ်သောင်းခန့်သာ ရရှိသဖြင့် လုံလောက်မှု မရှိဘဲ ပုရစ်ကြော် ငါးဘူးမှာသူကို နှစ်ဘူး၊ သုံးဘူးခန့်သာ ရောင်းချနိုင်ကြောင်း ၎င်းက ညည်းညူသည်။
ထို့သို့ ဝယ်လိုအားများသည့် ရာသီစာပုရစ်ဈေးကွက်သို့ ဦးမျိုးမြင့်ဗိုလ် လုပ်ကိုင်နေကဲ့သို့မွေးမြူရေး ပုရစ်များက နေရာ ယူနိုင်မည်လော။
ထိုင်းနိုင်ငံက မှာယူထားသည့် ပုရစ်မျိုးဥများသည် ခုနစ်ရက်အတွင်း အကောင်ပေါက်ပြီး ၄၂ ရက်သားတွင် မျိုးဥများ ပြန်ချသဖြင့် ဦးမျိုးမြင့်ဗိုလ်၏ ပုရစ်မွေးမြူရေးအိပ်မက် အကောင်အထည်ပေါ်လာပြီ ဖြစ်သည်။
သို့သော်လည်း ထိုင်းနိုင်ငံက ပုရစ်မျိုးသည် ပြည်တွင်ဈေးကွက်နှင့် အံမဝင်ချေ။
ထိုင်းပုရစ်သည် အကောင်သေးငယ်ပြီး အကြီးဆုံးမှာ မြန်မာနိုင်ငံက အလတ်တန်းစား အဆင့်သာ ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံက ပုရစ်စားသုံးသူများမှာ အကောင်ကြီးများကို ကြိုက်နှစ်သက်သဖြင့် ဈေးကွက်ထိုးဖောက်ရန် ခက်ခဲနေသည်ဟု ၎င်းက ပြောဆိုသည်။
ဈေးကွက်ရှာဖွေနေဆဲ ဖြစ်သော်လည်း ပုရစ်အကောင်လိုက် ရောင်းချခြင်းအပြင် ပုရစ်မှုန့်(ပုရစ်ပေါင်ဒါ) ထုတ်လုပ်ရန်အထိ ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။
ပုရစ်မွေးမြူရေး စင်မြင့်ကို တည်ဆောက်ပြီး ပုရစ်မွေးမြူရေးနှင့်အတူ ပုရစ်ဈေးကွက်အတွင်း ဝင်ရောက် ရန်ပြင်နေသည့် ဦးမျိုးမြင့်ဗိုလ်၏ ရည်မှန်းချက်ကို အောက်ပါအတိုင်း ပြောဆိုသည်။
“ပွင့်လင်းရာသီရောက်ရင်တော့ စီပွားဖြစ်လုပ်မယ်”
---
the Voice News ဆောင်းပါး

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...