Saturday, June 16, 2018

ACMECS will support growth of Investment



နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက် လာစေရေး အက်မက်စ် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်က များစွာအထောက်အကူပြုမည်ဟု သမ္မတဦးဝင်းမြင့်ယုံကြည်




 မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေ ရေးဧရာဝတီ-ကျောက်ဖရား- မဲခေါင်စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု မဟာဗျူဟာ (ACMECS) လုပ်ငန်းစဉ်က များစွာအထောက် အကူပြုစေမည်ဟု ယုံကြည် ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် ယမန်နေ့ (ဇွန်လ ၁၆ ရက်)တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သည့် အက် မက်စ်ထိပ်သီးအစည်းအဝေး (ACMECS Summit) ၌ မိန့်ခွန်း ပြောကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ကြောင်း သမ္မတ ရုံးက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသည် မဲခေါင် ဒေသခွဲနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို အစဉ်အလေး ထားကာ ချစ်ကြည်ရင်းနှီးမှု၊ အိမ် နီးချင်းကောင်းပီသမှု၊ အပြန်အ လှန်လေးစားမှု၊ အပြန်အလှန် အကျိုးကျေးဇူးရရှိစေမှုစသည့် မူများကို လက်ကိုင်ထားပြီး အက် မက်စ်ပူးပေါင်းဆောင်ရွက်ရေး တွင် တက်ကြွစွာ ဆက်လက်ပူး ပေါင်း ဆောင်ရွက်မည်ဖြစ် ကြောင်း သမ္မတဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။
 နိုင်ငံတော်သမ္မတသည် အက်မက်စ်၏ ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းစီမံချက်များ အ ကောင်အထည်ဖော်ရန် လိုအပ် နေသည့် ရန်ပုံငွေနှင့် နည်းပညာ ကူညီပံ့ပိုးမှုများရရှိရေး ပြင်ပက ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ နိုင်ငံ တကာအဖွဲ့အစည်းများအား ဖိတ်ကြား၍ ထိတွေ့ဆွေးနွေးမှု များ ပြုလုပ်ရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို ကြိုဆိုကြောင်း သမ္မတရုံးထုတ်ပြန်ချက်တွင် ဖော်ပြ သည်။
အက်မက်စ်ပူးပေါင်းဆောင် ရွက်ရေး ပိုမိုထိရောက်မှုရှိအောင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်ထိုင်းနိုင်ငံက ရေးဆွဲအဆိုပြုသည့် ACMECS Master Plan (2019-2023)ကို ယမန်နေ့ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုနိုင်ခြင်းက အက်မက်စ်၏ အရေးပါ သည့် ခြေလှမ်းသစ်တစ်ရပ်ဖြစ် ကြောင်း သမ္မတဦးဝင်းမြင့်က ၎င်း ၏ မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ဘန်ကောက်မြို့ရှိရှန်ဂရီလာဟိုတယ်၌ ကျင်းပသည့် (၉)ကြိမ်မြောက် စီအယ်လ်အမ်ဗီ ထိပ်သီးအစည်းအဝေး (9th Cambodia-Lao-Myanmar- Vietnam(SUMMIT)) သို့ တက် ရောက်သည်။
ယင်းထိပ်သီး ဆွေးနွေးပွဲ တွင် နိုင်ငံတော်သမ္မတက စီ အယ်လ်အမ်ဗီနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလား အလာကောင်းများရှိသော်လည်း လူ့စွမ်းအားအရင်းအမြစ်ကန့် သတ်ချက်၊ အခြေခံအဆောက်အ အုံအားနည်းမှု၊ ရာသီဥတုပြောင်း လဲမှု၏ ထိခိုက်မှု၊ အပြောင်းအလဲ မြန်ဆန်လှသည့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေများက ကြီးမားသည့် စိန်ခေါ်မှုများဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။
မဲခေါင်ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစဉ်များ အကြား တစ်ခုနှင့်တစ်ခု အ ထောက်အကူပြုနိုင်အောင် ချိတ် ဆက်ညှိနှိုင်းဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်တစ်ခု ထူထောင်နိုင် ပါက ပူးပေါင်းဆောင်ရွက်မှုလုပ် ငန်းစဉ်များအားလုံးနှင့် စီအယ်လ် အမ်ဗီနိုင်ငံများအတွက်လည်း များစွာအကျိုးရှိစေမည်ဟု ယုံ ကြည်ကြောင်း သမ္မတဦးဝင်းမြင့် က ပြောကြားသည်။
စီအယ်လ်အမ်ဗီနိုင်ငံများအ ကြား လျှပ်စစ်စွမ်းအင်ရောင်းဝယ် မှုသည် ဒေသတွင်း စွမ်းအင်လို အပ်ချက်ကို ဖြည့်ဆည်းပေးသည့် အပြင်နှစ်ဖက်အကျိုးရှိစေ၍ တိုး ချဲ့ဆောင်ရွက်သင့်ကြောင်းနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အ သုံးပြုမှုကျယ်ပြန့်လာရေး ရင်းနှီး မြှုပ်နှံမှု၊ သုတေသနပြုလုပ်မှု၊ မဟာဗျူဟာပိုင်းဆိုင်ရာနှင့် နည်း ပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများကို ရေရှည်လုပ်ငန်းစဉ် တစ်ရပ်အဖြစ် တိုးမြှင့်ဆောင်ရွက် ရန် လိုအပ်ကြောင်း သမ္မတဦးဝင်း မြင့်က ဆက်လက်ပြောကြား သည်။ နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်သည် အထက်ပါ ထိပ်သီးအ စည်းအဝေးနှစ်ခု တက်ရောက်ပြီး နောက် ယမန်နေ့ ညနေတွင် ဘန်ကောက်မြို့မှ နေပြည်တော် သို့ ပြန်လည်ထွက်ခွာခဲ့သည်။
7Day News

No comments:

Post a Comment

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...