Monday, June 4, 2018

မြန်မာ စတော့ ရှယ်ယာ ဈေးကွက်
---------------------------------------
ယခင်သီတင်းပတ်ထက် အရောင်းအဝယ် အနည်းငယ်ပိုများခဲ့သော်လည်း ကျပ်သန်းတစ်ရာအောက်သာ အရောင်းအဝယ်ရှိခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၁၈,၀၀၀ ကျော်၊ တန်ဖိုးကျပ် ၉၅ သန်း ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် သီတင်းပတ်ထက် ကျပ် ၁၀ သန်းခန့် အရောင်းအဝယ် ပိုများခဲ့သည်။
ယခုသီတင်းပတ် စတော့အညွှန်းကိန်းမှာ အမြင့်ဆုံး ၄၃၇ ဒသမ ၉၄ နှင့် အနိမ့်ဆုံး ၄၂၆ ဒသမ ၃၄ အတွင်းရှိခဲ့ပြီး သောကြာနေ့တွင် ၄၃၁ ဒသမ ၀၄ ဖြင့် ဈေးကွက်ပိတ်ခဲ့သည်။
မေလအတွင်း စတော့အညွှန်းကိန်းမှာ ၄၅၇ ဒသမ ၇၄ နှင့် ၄၂၆ ဒသမ ၃၄ ကြားတွင်ရှိခဲ့ပြီး တစ်လအတွင်း ၃၀ ဒသမ ၄ ပွိုင့်၊ ၆ ဒသမ ၆၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
*
FMI ရှယ်ယာ
ယခင်သီတင်းပတ်နှင့်နှိုင်းယှဉ်ပါက အရောင်းအဝယ် ကျပ် ၁၀ သန်းခန့် ပိုများခဲ့ပြီး ရှယ်ယာဈေးမှာ ကျပ် ၁၂,၀၀၀ အောက်တွင်သာ ဆက်ရှိနေခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာ အစု ၄၈၀၀ ကျော်၊ တန်ဖိုးကျပ်သန်း ၅၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာ အဖွင့်ဈေး ၁၁,၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၁,၅၀၀ ကျပ်၊ အနိမ့်ဆုံး ၁၁,၀၀၀ ကျပ် နှင့် သောကြာနေ့တွင် ၁၁,၀၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
မေလအတွင်း ရှယ်ယာအစုပေါင်း ၃၆,၀၀၀ ကျော်၊ တန်ဖိုးကျပ်သန်း ၄၂၀ နီးပါး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ် ငါးလအတွင်း အရောင်းအဝယ်အများဆုံး ဖြစ်ခဲ့သည်။
*
MTSH ရှယ်ယာ
ယခင်သီတင်းပတ်ထက် အရောင်းအဝယ် ပိုများခဲ့သော်လည်း ကျပ်သန်း ၅၀ အောက်သာအရောင်းအဝယ် ရှိခဲ့ သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၁၁,၅၀၀ ကျော်၊ တန်ဖိုးကျပ် ၃၅ သန်းနီးပါး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာအဖွင့် ဈေး၂၉၅၀ ကျပ်၊ အမြင့်ဆုံး၂၉၅၀ ကျပ်၊ အနိမ့်ဆုံး၂၉၀၀ ကျပ်နှင့် သောကြာနေ့တွင် ၂၉၅၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
မေလအတွင်းရှယ်ယာအစုပေါင်း ၁၀၆,၀၀၀ ကျော်၊ တန်ဖိုးကျပ်သန်း ၃၂၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီးယခုနှစ် အတွင်းဒုတိယမြောက်အရောင်းအဝယ် အများဆုံးလဖြစ်ခဲ့သည်။
*
MCB ရှယ်ယာ
အရောင်းအဝယ် ငါးရက်အတွင်း တစ်ရက်သာ အရောင်းအဝယ်ရှိခဲ့ပြီး ရှယ်ယာဈေး ၇၆၀၀ ကျပ်ဖြင့် ရှယ်ယာ ၂၂ စု၊ တန်ဖိုးကျပ် တစ်သိန်းကျော်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။
မေလအတွင်း အရောင်းအဝယ် သုံးရက်သာရှိခဲ့ပြီး ရှယ်ယာ ၁၀၆၇ စု၊ တန်ဖိုးကျပ်သိန်း ၈၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့သည်။
*
FPB ရှယ်ယာ
ယခင်သီတင်းပတ်ထက် အရောင်းအဝယ် ပိုမိုလျော့နည်းခဲ့ပြီး ကျပ်ငါးသန်းအောက်သာ အရောင်းအဝယ် ရှိခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာ ၁၂၇ စု၊ တန်ဖိုးကျပ်သုံးသန်းခန့်သာ အရောင်းအဝယ်ရှိခဲ့ပြီး ရှယ်ယာဈေးမှာ အဖွင့်ဈေး ၂၅,၀၀၀ ကျပ်၊ အမြင့်ဆုံး ၂၅,၀၀၀ ကျပ်၊ အနိမ့်ဆုံး ၂၃,၅၀၀ ကျပ် နှင့် သောကြာနေ့တွင် ၂၅,၀၀၀ ကျပ်ဖြင့် ဈေးကွက်ပိတ်ခဲ့သည်။
ရှယ်ယာအရောင်းအဝယ်မှာ တောက်လျှောက်ကျဆင်းလာပြီး မေလအတွင်း ရှယ်ယာအစုပေါင်း ၃၈၀၀ ကျော်၊ တန်ဖိုး ကျပ် ၉၅ သန်း အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုနှစ်အတွင်းအရောင်းအဝယ် အနည်း ဆုံးလ ဖြစ်ခဲ့သည်။
*
TMH ရှယ်ယာ
ယခင်သီတင်းပတ်ထက် အရောင်းအဝယ် ထက်ဝက်ကျော်ကျဆင်းခဲ့ပြီး အရောင်းအဝယ်မရှိသည့် ရက်တစ်ရက် ရှိခဲ့သည်။
ယခုသီတင်းပတ်တွင် ရှယ်ယာအစု ၁၇၀၀ ကျော်၊ တန်ဖိုးကျပ်ငါးသန်းနီးပါး အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဖွင့်ဈေး၂၈၅၀ ကျပ်၊ အမြင့်ဆုံး၂၉၅၀ ကျပ်၊ အနိမ့်ဆုံး ၂၈၀၀ ကျပ်နှင့် သောကြာနေ့တွင် ၂၈၅၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်။
*
မေလအတွင်းရှယ်ယာအစုပေါင်း ၉၈၀၂ စု၊ တန်ဖိုးကျပ် ၂၈ သန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငါးလအတွင်း အရောင်းအဝယ် အနည်းဆုံးဖြစ်ခဲ့သည်။
---
source - the Voice news


No comments:

Post a Comment

ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်

(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...