ဂိုဒေါင်တွေ အငှားဖြစ်နေ
လက်ရှိ စက်မှုဇုန်ဈေး ကွက်အခြေအနေမှာ ဂိုဒေါင်အငှားက ပို ဖြစ်နေပြီး အရောင်းအဝယ် ဈေးကွက် မရှိ သလောက် ရှားပါးနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။
စက်မှုဇုန်နယ်မြေတွေမှာ ဂိုဒေါင် အငှားတွေမှာလည်း ဈေးကောင်းနေဆဲ ဖြစ်ပြီး အငှားဈေးကွက် 1sq ft ကျပ်သိန်း ၃ဝဝနဲ့ သိန်း ၃၅ဝကြားရှိပြီးတော့ လက်ရှိ အငှားပိုဖြစ်နေတာကတော့ လှိုင်သာယာ ရော၊ ရွှေလင်ပန်းမှာရော ရွှေပြည်သာမှာပါ အငှားပိုဖြစ်နေပါတယ်။
လှိုင်သာယာနဲ့ ရွှေလင်ပန်းမှာဆိုရင် မြေကွက်တွေလည်း အငှားဖြစ်နေပြီး တော့ 1sq ft ကို တစ်လကို ၂၅သိန်း၊ သိန်း ၃ဝ လောက်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ လှိုင်သာယာစက်မှုဇုန်မှာ ခုနစ်ခုအနက် (၁)နဲ့(၂) မှာသာ အငှားပို ဖြစ်နေပြီး ကပ်လျက်မှာရှိတဲ့ အနော်ရထာ၊ ရွှေသံလွင်၊ မြစိမ်းရောင်မှာလည်း အငှား ရှိနေပါတယ်။ စက်မှုဇုန်မြေဈေးတွေမှာ အရောင်းအဝယ် မကောင်းပေမဲ့ ဈေးမှာ အတက်သာ ရှိပါတယ်။
“လက်ရှိမှာ အရောင်းအဝယ်က မရှိ ဘူး၊ ဂိုဒေါင်က ပိုပြီးငှားကြတယ်၊ မြေကွက်တွေလဲ အငှားရှိပါတယ်၊ အရောင်းသာ မရှိတာ ဈေးကတော့ မကျဘူး”လို့ စက်မှု ဇုန် အရောင်းအဝယ် အငှား မင်းမဟာ Real Estate Service မှ ကိုမင်းထက် အောင်က ပြောပါတယ်။
လက်ရှိ အရောင်းဈေးကွက်မှာဆို ၈၀ ရာခိုင်နှုန်းလောက်အထိ အရောင်းကျ သွားခဲ့ပြီး ဈေးတွေမှာ မြင့်တက်နေဆဲ ဖြစ် ပါတယ်။ လှိုင်သာယာ စက်မှုဇုန်မှာဆိုရင် တစ်ဧကကို သိန်း ၈ဝဝဝ ပေါက်ဈေးရှိ ပြီးတော့ ရွှေလင်ပန်းမှာ တစ်ဧကကို သိန်း ၅ဝဝဝ ပေါက်ဈေးရှိနေပါတယ်။
'အရောင်းအဝယ်ကျတာတော့  ကြာ ပြီ၊ မိုးတွင်းဆိုတော့ ပိုပြီးမဖြစ်ဘူး၊ နှစ်လ သုံးလလောက်ကြာပြီဖြစ်တယ်၊ လာကြည့် တဲ့ လူတွေပဲရှိတယ်၊ ဝယ်မယ်ဆိုရင်လဲ မိုး ဘက်ဆိုတော့ လာကြည့်ပြီး နွေဘက်မှသာ အဝယ်ရှိတယ်”လို့ စက်မှုဇုန်အိမ်ခြံ မြေအကျိုးဆောင်တွေဆီက သိရပါတယ်။
အငှားဈေးကွက်မှာဆို တစ်လကို နှစ် ခါ သုံးခါလောက် ဂိုဒေါင်အငှားတွေရှိနေ ပြီး မြေအငှားတွေလည်း အနည်းငယ်ရှိပါတယ်။ လက်ရှိစက်မှုဇုန်နယ်မြေတွေမှာ အငှားပိုင်းကသာ ဦးဆောင်နေပါတယ်။
လက်ရှိမှာ အရောင်းအဝယ်က အေး စက်နေပေမဲ့ ရန်ကုန်တိုင်းအတွင်း ဖော် ဆောင်ဖို့ ရှိနေတဲ့ စက်မှုဇုန်စီမံကိန်းသစ်တွေကြောင့် အားကောင်းလာနိုင်ပြီး အမှန် တကယ် လုပ်ကိုင်ခြင်းမပြုတဲ့ မြေဧရိယာတွေကို အရေးယူသိမ်းဆည်းမယ်ဆိုတဲ့ စကားကြောင့် တကယ်လုပ်မယ့်သူတွေ ငှားရမ်းလာနိုင်တာနဲ့အမျှ ဈေးကွက် ပြန် ဖြစ်ထွန်းလာနိုင်တယ်လို့ အကျိုးဆောင်တွေ ခန့်မှန်းထားပါတယ်။
ကုမုဒြာ သတင်း
Subscribe to:
Post Comments (Atom)
ကုန်သည်စက်မှုအသင်းချုပ် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကို စီးပွားရေးရှုထောင့်မှကန့်ကွက်
(Unicode) တပ်မတော်က ပြဋ္ဌာန်း မည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူ ကြမ်းသည် ဒစ်ဂျစ်တယ်စီးပွား ရေး၊ တီထွင်ဆန်းသစ်မှုနှင့် ပြည် ပရင်းနှီးမြှုပ်နှံမှုမ...
-
မြန်မာနိုင်ငံကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအားလုံး သြဂုတ်လမှစတင်ကာအွန်လိုင်းမှတ်ပုံတင်စနစ် ပြုလုပ်ရမည် မြန်မ...
-
Q4 stands of 4 qualities that we give to our business partners and customers. Effectiveness Efficiency Sincerity Satisfactory in ...
-
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကို တိုးချဲ့ဖွဲ့စည်း ၁၉၅၁ခုနှစ် အက်ဥပဒေအရ နိုင်ငံတွင် ဖွဲ့စည်းထားသော နှစ်ပေါင်း ၆၀ကျော် သက်တမ်းရှိ စစ...

No comments:
Post a Comment