ယခုနှစ်အတွင်း Brand New ကား အရောင်းပြခန်း ၁၉ ခုမှ ကားအသစ် ၄,၆၁၉ စီး ရောင်းချခဲ့ကြောင်း Automotive Association Of Myanmar(AAM)မှ သိရသည်။
Brand New Showroom များမှ ကားသစ်များ ရောင်းချရာတွင် ပြည်တွင်း၌ CKD ၊ SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သော ကားများ မှာ ရန်ကုန်လိုင်စင်ရရှိသည့် အခွင့် အရေးကြောင့် ပြည်ပမှ CBU ဖြင့် တင်သွင်းသောကားများထက် အရေအတွက် ပိုမိုရောင်းချနိုင်ခဲ့သည်။
၂၀၁၉ ခုနှစ်အစမှ မတ်လကုန်အထိ Automotive Association Of Myanmar(AAM) တွင် ပါဝင်သော အသင်းဝင် Brand New Showroom များမှ ကားအသစ် ရောင်းချမှုစာရင်းများအရ BMW ၁၆ စီး၊ Chevrolet ၃၈ စီး၊ DongFeng ၂၉ စီး၊ Ford ၂၈၈ စီး၊ Fuso နှင့် Mercedes (CCAM)မှ ၁၈ စီး၊ GAC ၂၅ စီး၊ Higer အစီး ၃၀၊ Hino ၂၉ စီး၊ Hyundai (Truck & Bus) ၁၂ စီး၊ Isuzu ၅၄ စီး၊ Jaguar ၂ စီး၊ Land Rover ၁၀ စီး၊ Mazda ၁၁၄ စီး၊ Mercedes-Benz ၁၅ စီး၊ Mitsubishi ၇၄ စီး၊ Nissan အစီး ၂၈၀ ၊ Scania အစီး ၂၀၊ Suzuki ၂၆၉၈ စီး၊ Toyota ၈၅၃ စီးနှင့် Volvo ၁၄ စီး ရောင်းချခဲ့ကြောင်း သိရသည်။
Automotive Association Of Myanmar အသင်းကို ကား ရောင်းပြခန်း ၂၂ ခု၊ Brand New လူစီးကားနှင့် လုပ်ငန်းသုံးယာဉ်များ ရောင်းချနေသည့် ကုမ္ပဏီ ၂၇ ခု တို့ဖြင့် ဖွဲ့စည်းထားပြီး BMW ၊ Chevrolet ၊ DFM ၊ Ford ၊ Fuso ၊ GAC ၊ Higer ၊ Hino ၊ Hyundai (Truck & Bus) ၊ Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Mitsubishi ၊ Nissan ၊ Scania ၊ Suzuki ၊ TATA ၊ Toyota ၊ Volkswagen ၊ Volvo စသည့် ကားအရောင်းပြခန်းများမှ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment